ရုန်ယိ ဘာအတွက်ရောက်လာလဲဆိုတာ ကြားသိလိုက်ရတဲ့အခါ ပါဆီရိုက အားတုံ့အားနာဟန်နဲ့ပြောလာသည်။
"သခင်လေးရုန်.. ကျွန်တော်တို့လို ဘုန်းတော်ကြီးတွေမှာ လူတွေရဲ့သက်တမ်းကိုဆွဲဆန့်ပေးနိုင်မယ့် မှော်စွမ်းအားရှိတယ်ဆိုတာတော့ ဟုတ်ပါတယ်.. ဒါပေမဲ့ ကျွန်တော်က အဲ့အဆင့်ထိမရောက်သေးတော့ အခုလောလောဆယ် ကျွန်တော့မှာ အဲ့လိုစွမ်းရည်မရှိဘူး။ ဒါပေမယ့် ကျွန်တော့်မှာ လူတစ်ယောက်ရဲ့အသက်စွမ်းအင်ကို နဂိုအတိုင်းပြန်ဖြစ်စေနိုင်တဲ့ မှော်ဆေးရည်တစ်ပုလင်းတော့ရှိတယ်.. အဲ့တာက မင်းရဲ့အဘိုးကို နဂိုအတိုင်း ပြန်ငယ်ရွယ်သွားစေမှာပါ.. ပြီးရင် နောက်ထပ် နှစ်အနည်းငယ်လောက် နေထိုင်ဖို့လည်း ဘာပြဿနာမှ မရှိဘူး"ရုန်ယိ အမြန်မေးလိုက်သည်။
"ဒါကို ကျွန်တော့်ကို ရောင်းပေးလို့ရမလား"ပါဆီရိုက ခေါင်းခါကာ ပြုံးပြပြီး
"ဒါက ရောင်းဖို့မဟုတ်ပါဘူး.. မင်းကို အလကား ပေးလိုက်ပါ့မယ်"ရုန်ယိ ကြက်သေသေသွားမိပြီးမှ ပြုံးလိုက်ကာ
"ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ကျွန်တော် တစ်ခုခုတော့ ပြန်ပေးမှရမယ်"သူ သွေးဖြည့်တင်းဆေးလုံး ၊ ဒဏ်ရာလိမ်းဆေးနဲ့ အဆိပ်ဖြေဆေးတွေ ထုတ်ယူလိုက်ပြီး
"ကျွန်တော့် ဒီဟာတွေနဲ့ လဲမယ်လေ.. ခင်ဗျား သွေးအထွက်လွန်နေတဲ့အခါ ဒါမှမဟုတ် ဒဏ်ရာအပြင်းအထန်ရနေတဲ့အခါမျိုးမှာ ဒါတွေကို သောက်ရင်သောက် မဟုတ်လည်း ဒဏ်ရာပေါ်လိမ်းပေးလို့ရတယ်။ ခင်ဗျား နေရာမှာတင်ပွဲချင်းပြီးသေသွားတာ မဟုတ်သရွေ့ ဒါတွေက ခင်ဗျားအသက်ကို ကယ်ပေးနိုင်တယ်။ အထူးသဖြင့် ဒီအဆိပ်ဖြေဆေးတွေဘဲ... ဒါတွေကို တစ်ကယ့်အရေးကြီးအချိန်မှာ သုံးလို့ရတယ်""ဒါတွေက များလွန်းတယ်"
ပါဆီရိုက သူ့ဆီ ပြန်တွန်းပေးလာသည်။ရုန်ယိ ပစ္စည်းတွေကို သူ့လက်ထဲထည့်ပေးလိုက်သည်။
"ဒါတွေက ခင်ဗျားအတွက် များကောင်းများနေလိမ့်မယ်... ဒါပေမဲ့ ကျွန်တော်တို့အတွက်ကတော့ အချိန်တစ်ချို့လာက် ယူရရုံဘဲ။ အရမ်းရိုးစင်းလွန်းတယ်.. အဖိုးတန်တဲ့ဟာမျိုး မဟုတ်ပါဘူး"
BINABASA MO ANG
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**