*224* နောက်တစ်ကြိမ်ဆိုတာမရှိဘူး

3.1K 545 18
                                    

မင်သခင်ကြီးက သူ့သားဆီ ထိပ်တန်းစိတ်ဝိညာဥ်ကျောက်တုံးတစ်ထောင် ထုတ်ပေးလိုက်သည်။
"ယူသွား"

"အဘိုး ကျွန်တော့်အတွက်ကရော"
မင်ဖင်းယိုက ချက်ချင်းသူ့ရှေ့ရောက်လာကာ မေးလာသည်။

မင်ဖင်းကျယ်လည်းဘဲ နောက်ကျကျန်မနေခဲ့။
"ပြီးတော့ ကျွန်မရော ကျွန်မရော.."

"မင်းတို့အားလုံးအတွက်ရှိပါတယ်"
ပြုံးရင်း မင်သခင်ကြီးက စိတ်ဝိညာဥ်ကျောက်တုံးသုံးအိတ်ထုတ်ကာ သူ့မြေး မြေးမနဲ့ ချွေးမတို့ကို ပေးလိုက်၏။

ယင်သခင်မက ရုန်ယိကို မိတ်ဆက်ပေးလာသည်။
"ရှောင်ယိ.. သူတို့က ရဲ့အာရဲ့ ဦးလေးနဲ့ဒေါ်လေးလေ.. ဒါကတော့ သူ့ဝမ်းကွဲ ဖင်းယိုနဲ့ ဖင်းကျယ်"

မင်လျန်ယင်က ရုန်ယိကို တစ်ချက်ကြည့်ကာ မေးလာသည်။
"ရှောင်ယွမ်.. သူက ဘယ်သူလဲ"

ယင်သခင်မက ပြုံးရင်း ပြန်ဖြေလိုက်၏။
"သူက ရုန်ယိတဲ့.. ရဲ့အာရဲ့ကျင့်ကြံဖော်လေ.. အခုကစပြီး သူက ကျွန်မတို့မိသားစုဝင်ဘဲ"

မင်ဖင်းယိုက နှာခေါင်းရှုံ့လိုက်ကာ
"လုံးဝသာမန်ဘဲကို.. သူက ကျွန်တော်တို့မိသားစုဝင်ဖြစ်ဖို့ မတန်ပါဘူး"

ယင်ကျင်းရဲ့ ရုတ်ချည်း မျက်နှာမည်းမှောင်သွားရသည်။

ထိုအခါ မင်ဖင်းယိုမှာ ချက်ချင်း ယင်သခင်မနောက်ကို ကျုံ့ဝင်သွားမိသည်။

မင်လျန်ယင်ကလည်း ချောင်းအသာဟန့်ကာ ဆိုလာသည်။
"ရှောင်ယွမ်.. ငါလည်း သူတို့က လိုက်ဖက်တယ်လို့ မထင်မိဘူးရယ်.. မြို့သခင်တစ်ယောက်အနေနဲ့ သူ့မှာ အိမ်တော်ရဲ့ ကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မဲ့ ဇနီးမယားကောင်းတစ်ယောက်တော့ လိုတယ်လေ။ ဒါမှသာ သူ ဒီကွေးလင်တစ်မြို့လုံးရဲ့ ကိစ္စအထွေထွေကို နောက်ဆံတင်းစိတ်ပူနေစရာမလိုဘဲ စီမံအုပ်ချုပ်နိုင်မှာပေါ့"

ယွမ်ယင်းယင်းကလည်း ဝင်ပြောလာ၏။
"ဟုတ်တယ်.. ရှောင်ယွမ်..ယောက်ျားလေးတစ်ယောက်က ဘယ်လောက်ဘဲစွမ်းအားကြီးကြီး အိမ်တော်ထဲက သောင်းပြောင်းစုံတဲ့ကိစ္စတွေကိုတော့ မထိန်းချုပ်နိုင်ဘူးလေ။ ကလေးတွေဆိုလည်းဘဲ သူတို့ကို စောင့်ရှောက်မဲ့ အမေတစ်ယောက်လိုအပ်သေးတယ်မလား"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now