"အဖေရဲ့ဆရာဝန်နဲ့ စကားပြောဖြစ်တယ် အဖေက ဒဏ်ရာကြောင့် အမြဲတမ်း စိတ်ဓာတ်ကျနေတာ ဖြစ်လောက်တယ်တဲ့၊ ပုံမှန်ကုသမှု ခံယူခဲ့ပေမယ့်လည်း သူ့ရဲ့အတွင်းစိတ်ခုခံမှုကြောင့် ကုသမှုရလဒ်က အရမ်းဆိုး၀ါးတယ် အခုတော့ သူ့ဘဝရဲ့ပျော်ရွှင်မှုကို ထပ်တွေ့ရပြီး အရင်ကထက်ပိုပြီး ပြန်ရွှင်လန်းလာတာ ဒါကြောင့် ကုသမှုကလည်း စပြီးအလုပ်ဖြစ်လာတာပဲ"

လော့ကျစ်ယွီက လော့ချယ်ရဲ့မိသားစုနဲ့ နီးစပ်ပြီး လော့ချန်းရဲ့အခြေအနေကို သဘာဝကျကျပင် နားလည်တယ်။

သူက လော့ချယ်ထက် ခြောက်နှစ်ပိုကြီးတာကြောင့် သူ့ငယ်ဘဝအမှတ်တရတွေက အရမ်းကို ရှင်းရှင်းလင်းလင်းဖြစ်နေဆဲပင်။

သူ့ရဲ့မှတ်ဉာဏ်ထဲမှာ အရင်ကလော့ချန်းက နှုတ်ဆိတ်နေတတ်ပေမယ့်လည်း၊ သူက ယောက်ျားပီသပြီး ဆုံးဖြတ်ချက်ပြတ်သားသူဖြစ်ကာ အကောင်းမြင်တတ်သူဖြစ်တယ်။ သူတစ်ယောက်တည်းက မိသားစုတစ်ခုလုံးရဲ့ ဝန်ကိုထမ်းပိုးထားပြီး စစ်မှန်တဲ့လူတစ်ယောက်ပဲ။ ဒါပေမဲ့ တာဝန်ကျတဲ့မတော်တဆမှုကြောင့် ခြေထောက်ဒဏ်ရာရသွားပြီးနောက်မှာ သူက စတင်စိတ်ဓာတ်ကျလာပြီး၊ လောကကြီးကို စိတ်ကုန်သွားသလိုမျိုး စိတ်အားငယ်တတ်လာကာ စကားပြောဖို့လည်း ဝန်လေးလာတယ်။

တကယ်တော့ လော့ကျစ်ယွီရဲ့အမြင်အရ လော့ချန်းရဲ့ခန္ဓာကိုယ်က အရင်ကထက် ပိုဆိုးလာတာက သူ့ရောဂါကြောင့်မဟုတ်ဘဲ စိတ်ကြောင့်ပါ။

လော့ချန်းက သူက မသန်မစွမ်းဖြစ်နေပြီး မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို လောကကြီးထဲ ရှိနေရတယ်လို့ ခံစားရတာကြောင့် ကုသမှုကိုခုခံနေပြီး လောကကြီးကိုလည်း မနှစ်မြို့တော့ပေ။ ဒါကြောင့် အကောင်းဆုံးဆေးကို သောက်ပြီး အကောင်းဆုံးဆရာဝန်နဲ့ ပြရင်တောင် သူ့အခြေအနေက အဆင်မပြေလာခဲ့ဘူး။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ တိုးတက်လာနိုင်ရင် သူ့အခြေအနေကလည်း အများကြီး တိုးတက်လာလောက်တယ်။

မမျှော်လင့်စွာနဲ့ လော့ကျစ်ယွီက မှန်မှန်ကန်ကန် မှန်းဆနိုင်ခဲ့တယ်။

အရင်က သူ့စိတ်ထဲမှာ စိုးရိမ်နေခဲ့တာ။ လောလောဆယ် သတင်းကောင်းကြားလိုက်ရတော့ သူက စိတ်လှုပ်ရှားစွာနဲ့ လက်ကိုပွတ်သပ်လိုက်ရင်း “အတိုချုပ်ပြောရရင် ခယ်မလေးက တီဗီမှာ ခဏလောက်ပဲ ပေါ်လာပေမယ့် ဒုတိယဦးလေးကို ဘဝရဲ့ပျော်ရွှင်မှု ပြန်ရစေခဲ့တယ်‌ပေါ့”

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Wo Geschichten leben. Entdecke jetzt