ဆရာဝန်ရဲ့အဆိုအရ လော့ချန်းက လာမယ့်နှစ် နွေဦးပွဲတော်ထိ အသက်ရှင်ဖို့ မဖြစ်နိုင်လောက်ပေ။

လော့ချယ်ရဲ့မျက်နှာက အမြဲဖြစ်နေကျလို လေးလံမနေခဲ့ဘဲ အနည်းငယ် စိတ်အေးလက်အေးဖြစ်နေတယ်၊ "အဖေရဲ့ အခြေအနေက သိသိသာသာ သက်သာလာပြီလို့ ဆရာဝန်ကပြောတယ်"

လော့ကျစ်ယွီက ဦးစွာ မယုံနိုင်ဖြစ်သွားပြီးနောက် သူ့မျက်နှာက ပျော်ရွှင်မှုတွေ ပြည့်နှက်သွားတော့တယ်။"တကယ်လား အရမ်းကောင်းတာပဲ၊ မင်း ဆရာဝန်ပြောင်းလိုက်တာလား ဒါမှမဟုတ် ဆရာဝန်က ဆေးတွေ ပြောင်းလိုက်တာလား"

လော့ချယ်ရဲ့မျက်၀န်းထဲ ရှုပ်ထွေးမှုတချို့ ဖြတ်ပြေးသွားတယ်။

"မဟုတ်ဘူး၊ ဆရာဝန်နဲ့ ဆေးက အရင်အတိုင်းပဲ"

လော့ကျစ်ယွီ : "ဒါဆို အကြောင်းပြချက်က ဘာလဲ"

"အဖေက ကုမျန်ကို TV ပေါ်မှာ အကြိမ်ပေါင်းများစွာ တွေ့ဖူးတယ်"

လော့ကျစ်ယွီ : "သူက ခယ်မလေးကို တွေ့ပြီးပြီလား?" လော့ကျစ်ယွီက ကုမျန်ရဲ့နာမည်ကို မိန်းကလေးကုကနေ ခယ်မ‌လေးအဖြစ် တိုက်ရိုက်အဆင့်မြှင့်ပေးလိုက်တယ်။ တစ်နည်းအားဖြင့်ပြောရရင် လော့ကျစ်ယွီက ကုမျန်ကို သူ့ခယ်မအဖြစ် တကယ်ပဲ စတင်လက်ခံနေပြီဖြစ်တယ်။

လော့ချယ်က မျက်လွှာချပြီး တခစ်ခစ်ရယ်မောလိုက်တယ်။"ငါ့အဖေက သူမကို အရမ်းသဘောကျပြီး သူမရဲ့သတင်းကို နေ့တိုင်းကြည့်တယ် သူနဲ့ငါ့အမေက သုံးရုံသုံးလို့ရတဲ့ အခြေခံဖုန်းတွေကိုပဲ အများဆုံးသုံးကြပြီး အင်တာနက်မသုံးကြဘူးလေ ဒါပေမယ့် ကုမျန်က ငါ့ကောင်မလေးမှန်းသိကြပြီးတည်းက ဖုန်းပြောင်းပြီး အင်တာနက်သုံးတတ်အောင် သူနာပြုဆရာမကို သင်ပေးခိုင်းပြီး ကုမျန်ရဲ့ နောက်ဆုံးရသတင်းတွေကို ကြည့်ကြတာ"

လော့ကျစ်ယွီက အံ့အားသင့်သွားတယ်။"ခယ်မလေးကို သူတို့ အရမ်းကဲသည်းနေကြတာလား၊ မင်းကောင်မလေးက သူတို့နဲ့မတွေ့ခင်ကတည်းက သူတို့ရဲ့နှလုံးသားကို ဖမ်းစားထားပြီပဲ"

ကြယ်ပွင့်တွေနောက် လိုက်ချင်တဲ့ သူ့မိဘတွေရဲ့ လတ်တလောစိတ်အားထက်သန်မှုကို တွေးမိပြီး လော့ချယ်ကပြုံးလိုက်တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now