လော့ချယ်က သာမန်စုံတွဲတစ်တွဲရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာရတာ ထူးဆန်းပေမယ့် သူက နှစ်ပေါင်းများစွာ တင့်တင့်တယ်တယ်နဲ့ လူကြီးလူကောင်းဆန်စွာ ပြုမူခဲ့တဲ့သူပင်။

ကားတံခါးပိတ်ပြီးတာနဲ့ လော့ကျစ်ယွီက အရွှန်းဖောက်လိုက်တယ်။"မိန်းကလေးကု မင်းက တကယ်ရဲရင့်တာပဲ"

ကုမျန်က သူမရဲ့လက်ကို ပြန်ဆွဲထုတ်လိုက်ပြီး သူ့ကို ထူးဆန်းစွာ ကြည့်လိုက်တယ် ။ ခဏကြာပြီးနောက် သူမက သူဆိုလိုချင်တာကို နားမလည်ခဲ့ဘူး။ "ဘာကိုပြောတာ"

လော့ကျစ်ယွီက ပြုံးပြီး စိတ်ရှည်ရှည်နဲ့သတိပေးလိုက်တယ်။  "မိန်းကလေးကု ၊ မင်း ငါတို့ ကားထဲဝင်လာတဲ့ မြင်ကွင်း ပါပါရာဇီတွေ ဓာတ်ပုံရိုက်သွားမှာကို မကြောက်ဘူးလား နောက်နေ့ရဲ့ ခေါင်းစီးက 'ရှော့ရစရာ! ကုမျန်က ညဥ့်နက်နက်မှာ လော့ချယ်ရဲ့ကားထဲ တကယ်ကြီးရောက်နေတယ် သူတို့နှစ်ယောက်ကြားမှာ လျှို့ဝှက်ဆက်ဆံရေးလေး ရှိနေတာများလား'ဆိုပြီး ဖြစ်လောက်တယ်"

ပထမတော့ ကုမျန်က လော့ချယ်ရဲ့လည်ဆွဲကို ပြန်ပေးချင်ရုံသာဖြစ်ပြီး အဲ့လို စဉ်းတောင်မစဉ်းစားမိခဲ့ဘူး။

လော့ကျစ်ယွီ သူမကိုသတိပေးပြီးနောက် သတင်းထောက်တွေက အထူးသီးသန့်သတင်းတွေ ရယူဖို့အတွက်ဆို ခွေးသားရေပလာစတာ (Gou Pi Gao)လိုမျိုး ဆယ်လီဘရစ်တီတွေကို ကပ်တွယ်နေတတ်ကြောင်း သူမ မှတ်မိသွားတယ်။ သူတို့ တိတ်တိတ်လေး နောက်ကလိုက်လာကြတာလား။

ကုမျန်က အရမ်းမထိတ်လန့်သွားဘဲ သူမရဲ့နှုတ်ခမ်းကို‌စေ့လိုက်တယ်။

သူမက လော့ကျစ်ယွီရဲ့လက်ရှိအသွင်အပြင်ကို မြင်ပြီး ပြဿနာကြီးကြီးမားမားမဟုတ်ဘူးလို့ ခန့်မှန်းမိသွားတယ်။

"ဒါဆို အခု ရှင်တို့နောက်ကို သတင်းထောက် လိုက်နေတာလား"

လော့ကျစ်ယွီက ထိုမေးခွန်းကိုကြားတော့ ခေါင်းယမ်းလိုက်ပြီး စနောက်လိုက်ပြန်တယ်။“အစောပိုင်းက မင်း အလျင်စလိုနဲ့ အတိုချုံးပြောလိုက်တဲ့စကားကိုပဲ ကျေးဇူးတင်ရမယ် သတင်းထောက်တွေက ငါ့တို့ကိုသွားခွင့်ပေးလိုက်ပြီး နောက်ကမလိုက်လာကြတော့ဘူး”

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now