ကုမျန်ရဲ့ ထူးခြားတဲ့ဟန်ပန်နဲ့ သတင်းထောက်တွေ မေးတဲ့မေးခွန်းတွေကို အထူးပူးပေါင်းဆောင်ရွက်မှုကြောင့် သူမက ထိုနေရာရှိ သတင်းထောက်များစွာကို အထင်ကြီးသွားစေခဲ့တယ်။

ထိုနေ့က ကုမျန်ကို အင်တာဗျူးတဲ့ သတင်းထောက်တွေထဲမှ တစ်ယောက်က သူမကို အင်တာဗျူးဖို့ "Ask the Immortal" ရိုက်ကူးရေးအဖွဲ့ဆီ အပြေးအလွှားလာခဲ့ဖူးတဲ့ သတင်းထောက်ဖြစ်တယ်။

အဲဒီအင်တာဗျူးအပြီးမှာ သတင်းထောက်က ရာထူးတိုးခဲ့ပြီး သိပ်မကြာခင်မှာပဲ လစာပါတိုးသွားခဲ့ကာ ချောမောလှပတဲ့ ချစ်သူကောင်မလေးတစ်ယောက်လည်း ရခဲ့တယ်။

သူ့ကောင်မလေးက ကုမျန်ရဲ့ fangirl လေးပင်။

ခုလည်း ထုံးစံအတိုင်း ကုမျန်က သူတို့ကို ခေါင်းစီး ရက်ရက်ရောရော ပေးလိုက်ပြန်ပြီ။

သူမကြောင့် ရာထူးတိုးသွားခဲ့တဲ့ သတင်းထောက်က ကုမျန်အကြောင်းကို ကောင်းကောင်းရေးရမယ်လို့ စိတ်ထဲ တိတ်တိတ်လေး တွေးလိုက်မိတယ်။

ကားထဲရောက်နေပြီဖြစ်တဲ့ သူမရဲ့လက်ထောက်၊ အေးဂျင့်နဲ့သက်တော်စောင့်တွေ အကာအကွယ် ပေးထားတဲ့ ကုမျန်က သတင်းထောက်တွေကို  သူမအထင်ကြီးသွားစေမိမယ်လို့ မသိခဲ့ဘူး။ သတင်းထောက်များစွာက သူမအကြောင်း ကောင်းတာလေးတွေပဲ ပြောချင်တာကို မပြောနဲ့ဦး။သူတို့က သူမကို ပထမဆင့်သရုပ်ဆောင်တောင် ဖြစ်စေချင်ကြတယ်။

သတင်းထောက်တွေရဲ့အမြင်အရ၊ ကုမျန်မကျော်ကြားတာက ရိုးရိုးရှင်းရှင်းပင် သည်းမခံနိုင်စရာပေ။

ကားထဲဝင်ပြီးနောက် ရှောင်ကျူးက အမောတကောဖြစ်နေပြီး သူမရဲ့ရင်ဘတ်ကို အားနဲ့မာန်နဲ့ ပုတ်လိုက်တယ်။

သူမက သက်ပြင်းချလိုက်ပြီး ခေါင်းကုတ်ကာ "မျန်းမျန်၊ သာမန်သန်မာရုံပါပဲဆိုတဲ့ စကားလုံးက ဘာအဓိပ္ပာယ်လဲ"

ကုမျန်က မျက်လုံးတွေကိုမှိတ်ထားပြီး မဖြေခင် သူမရဲ့ခေါင်းကို ထိုင်ခုံပေါ် သက်တောင့်သက်သာနဲ့ မှီထားလိုက်ကာ"အဲဒါက အရှိအတိုင်းပြောတာလို့ ဆိုလိုတာပဲ"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Kde žijí příběhy. Začni objevovat