ရှောင်ကျူးက ကုမျန်ရဲ့လည်ပင်းကို ထိတ်ထိတ်လန့်လန့်နဲ့ ကာကွယ်ထားတယ်။ကုမျန်က သူမရဲ့လည်ပင်းမှာ ပန်းရောင်ဂလက်ဆီကို ၀တ်ဆင်ထားတာလေ။ လည်ဆွဲက သတင်းထောက်တွေကြောင့် ပျက်စီးသွားရင် ငိုတောင် ငိုနိုင်တော့မှာမဟုတ်ဘူး။

သက်တော်စောင့်တွေက အခြေအနေကို ထိန်းချုပ်ဖို့ အစွမ်းကုန် ကြိုးစားနေပေမယ့်လည်း ထိန်းချုပ်မှုကနေ အနည်းငယ်လွတ်ထွက်နေခဲ့ပြီပင်။

အစွန်နားက မိုက်ကရိုဖုန်းတစ်လုံးက တွန်းထုတ်ခံလိုက်ရပြီး ကုမျန်ရဲ့ မျက်နှာကို ထိုးမိလုနီးပါးဖြစ်သွားခဲ့တယ်။

ကုမျန်က နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး extendedမိုက်ခရိုဖုန်းကို တိုက်ရိုက်ဆုပ်ကိုင်ကာ စကားအနည်းငယ်လောက် အတိုချုံးပြီး အလျင်စလိုပြောလိုက်ရတယ်။ "ကျွန်မ ရေပန်းမစားချင်ဘူး လည်ဆွဲနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှလည်း မရှိဘူး၊ ကျွန်မရဲ့ နောက်ခံကိုပြောရရင် သာမန်သန်မာ‌ရုံလောက်ပါပဲ “

စကားပြောပြီးနောက်၊ အေးဂျင့်နဲ့လက်ထောက်ဖြစ်သူနဲ့အတူ ကုမျန်က နေရာကနေ အမြန်ထွက်ခွာသွားခဲ့တယ်။

သူမတို့ထွက်သွားတော့ သတင်းထောက်တွေက သူတို့ရဲ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုတွေကို တုံ့ပြန်ဖော်ပြခဲ့ကြတယ်။

ဖျော်ဖြေရေးနယ်ပယ်ထဲမှာဆို ကုမျန်က အမှန်တကယ်ပင် ရှင်းလင်းပြတ်သားလှတယ်။ အခြားကြယ်ပွင့်တွေအားလုံးက ချီတုံချတုံဖြစ်တတ်ကြပြီး သူတို့ရဲ့မေးခွန်းတွေကို ပွင့်ပွင့်လင်းလင်း တခါမှဖြေလေ့မရှိကြဘူး။

ကုမျန်တစ်ယောက်တည်းကသာ ဖျော်ဖြေရေးနယ်ပယ်ထဲက ရှားပါးလှတဲ့ ရိုးသားသူလေးဖြစ်ပြီး မေးခွန်းအားလုံးကို ဖြေပေးတဲ့သူဖြစ်တယ်။

သူတို့မေးတဲ့မေးခွန်းတွေ ဘယ်လောက်ပဲခက်ခဲပါစေ ကုမျန်က သူတို့ကို ကျေနပ်လောက်တဲ့ အဖြေတွေပေးပြီး ခေါင်းစီးတွေကိုလည်း ပေးနိုင်တယ်။

သူမက ဖျော်ဖြေရေးနယ်ပယ်ရဲ့ ရွှံနောက်ထဲက ကြည်လင်သန့်ရှင်းတဲ့ ရေစီးကြောင်းလေးပင်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Où les histoires vivent. Découvrez maintenant