"အစ်ကိုကြီးလို့ မပြောရဘူးဗျာ၊ သန်မာလိုက်တဲ့ အရှိန်အဝါ"

ဂျူနီယာ တစ်ယောက်ဖြစ်သော သူသည် သူ့စီနီယာအား အချိန်ကိုက် ချီးကျူးလေသည်။ မသင့်တော်သော အခြေအနေကြောင့်သာ မဟုတ်လျင် သူ ကျယ်လောင်စွာ ပြောပြီး လက်ခုပ်ပင် တီးမိလောက်သည်။

*ဟမ်*

ခွေးနှစ်ကောင်က လုံးဝ မတုန်လှုပ်သည်ကို မြင်သောအခါ သူတို့နှစ်ယောက်သည် ရှောင်ချင်နှင့် ရှောင်ဟွေတို့အား တအံ့တဩ ကြည့်လာကြသည်။

ထွက်ပြေးမည့်အစား ခွေးနှစ်ကောင်တွင် လုံးဝ ကြောက်ရွံ့သည့် အရိပ်အယောင် မရှိပေ။

"ထူးဆန်းတယ်၊ ဒီခွေးနှစ်ကောင်က ဂေါက်နေတာလား"

အစ်ကိုကြီးဆိုသူက မျက်မှောင်ကြုတ်၍ ခန့်မှန်းနေသည်။

"ဖြစ်နိုင်တယ်၊ ပုံစံအရတော့ သူတို့က ရူးကြောင်ကြောင် ခွေးမျိုးတွေ ထင်တယ်၊ Huskies လိုလေ၊ အစ်ကိုကြီး ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"

"ဟဲဟဲ သူတို့က မပြေးဘူးဆိုတော့ ငါတို့ကို ရက်စက်တယ်လို့ အပြစ်တင်စရာ မလိုတော့ဘူးပေါ့ကွာ"

အစ်ကိုကြီးက အန္တရာယ် ပေးတော့မည့်ဟန်ဖြင့် ပြောလေသည်။ ထို့နောက် သူက လျှာသပ်၍ မှတ်ချက်ချသည်။

"ငါ ခွေးသား မစားရတာ တော်တော်ကြာပြီ၊ ဒီခွေးနှစ်ကောင်က တော်တော် ဝတယ်၊ သူတို့က အရသာ ရှိမှာ သေချာတယ်၊ ငါတို့ သူတို့ကို ညလယ်စာ အဆာပြေအဖြစ် စားကြတာပေါ့"

"အစ်ကိုကြီးက ဉာဏ်ကောင်းလိုက်တာ"

ယောက်ျားသား နှစ်ယောက်က ရှောင်ချင်နှင့် ရှောင်ဟွေကို ကြည့်ပြီး ရှေ့ဆင့်နောက်ဆင့် ရယ်မောလိုက်သည်။ မသိလျင် သူတို့က ခွေးသား ဟင်းလျာ နှစ်ပွဲကို ကြည့်နေသလိုပင်။

"သွားမယ်"

နှစ်ယောက်လုံးက ပြိုင်တူ တိုက်ခိုက်ကြသည်။ လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်နှင့်အတူ တစ်ယောက်က လက်သီးဖြင့် ထိုး၍ နောက်တစ်ယောက်က ကန်ကျောက်လေသည်။ သူတို့နှစ်ယောက်လုံး၏ တိုက်ခိုက်မှုက ရှောင်ချင်နှင့် ရှောင်ဟွေတို့ထံ တန်းတန်းမတ်မတ် ဦးတည်နေ၏။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now