လော့ချယ်က ခေါင်းငုံ့ပြီး ကုမျန်ကို စေ့စေ့စပ်စပ်ကြည့်လိုက်တယ်။ သူ့ရဲ့ သောက်ရှူးကြယ်လိုမျက်၀န်းတွေထဲ အပြုံးတပွင့်ဖျတ်ခနဲ လင်းလက်သွားပြီး သူမကို ချီးကျူးလာတယ်။ "မင်းကိုကြည့်ရတာ အရမ်းလှတယ်"

ပန်းရောင်စိန်က ကုမျန်ရဲ့ဖြူဖွေးတဲ့အသားအရေကို ပြည့်စုံသွားစေတယ်။ သူမရဲ့ ဝတ်စုံက အရမ်းရိုးရှင်းပေမယ့် ထူးခြားတဲ့စိတ်နေစိတ်ထားကိုလည်း ပေါ်လွင်စေတယ်။ တခြားမင်းသမီးတွေနဲ့ ယှဉ်ရင် luxuryဆန်တဲ့ ပြိုင်ဘက်ကင်းခံစားချက်ကို ပေးစွမ်းတယ်။

သူဒီဇိုင်းဆွဲထားတဲ့အဝတ်အစားတွေက ကုမျန်အပေါ်  ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိမယ်ဆိုတာကို ၀တ်စုံဒီဇိုင်နာမြင်ခဲ့ရင် အိပ်ပျော်နေရာကနေ ထလာမှာ သေချာသလောက်ပင်။

လော့ချယ်ချီးမွမ်းတာကိုကြားပြီးနောက်၊  သန်းရာနဲ့ချီတန်တဲ့လည်ဆွဲက မလှစရာလားဆိုပြီး ကုမျန် သူမရဲ့စိတ်ထဲတွေးနေမိတယ်။

၀မ့်ရှားကတော့ ကုမျန်ရဲ့လည်ပင်းပေါ်က လည်ဆွဲကြောင့် မှင်တက်သွားရတယ်။

ကုမျန်က အရင်တုန်းက ချမ်းသာယောင်ဆောင်နေတာလို့ သူမ ပြောခဲ့တယ်။ တကယ်တော့ သူမ(ကုမျန်)မှာ နောက်ခံလုံးဝမရှိတာကြောင့် China Acting Award ကို လည်ဆွဲတစ်ကုံးတောင် မဝတ်လာနိုင်ခဲ့ဘူးလေ။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ အမှန်တရားကြောင့် ဖြတ်ရိုက်ခံလိုက်ရတယ်။

ကုမျန်က တန်ဖိုးကြီးလှတဲ့ လက်ဝတ်ရတနာကို လည်ပင်းတဝိုက်မှာ ၀တ်ဆင်လိုက်တယ်လေ။

ပန်းရောင်စိန်တွေ!! ပန်းရောင်စိန်တွေပဲ။

ထွက်ပေါ်လာတဲ့ တန်ဖိုးကြီးလှတဲ့အလင်းရောင်က သူမကို မျက်စိကန်းစေလုနီးပါးပင်။

၀မ့်ရှားက သူမရဲ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အနည်းငယ်တုန်ရီသွားတယ်။

ကုမျန်ရဲ့နောက်ခံကဘာလဲ။

ပြီးတော့ လော့ချယ်၊ သူနဲ့ ကုမျန်ကြားက ဆက်ဆံရေးကရော ဘာလဲ။

သူမနားမလည်နိုင်ခင်မှာပဲ ကုမျန်က လော့ချယ်နဲ့ လက်ချင်းတွဲပြီး ထွက်ခွာသွားခဲ့ပြီပင်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Où les histoires vivent. Découvrez maintenant