သူမက ၀မ့်ရှားကို ဖျတ်ခနဲကြည့်လိုက်တယ်။ ထိုအချိန် ၀မ့်ရှားမျက်နှာပေါ်  ဘ၀င်ခိုက်နေတဲ့ အရိပ်အယောင်ရှိနေတယ်။ သူမရဲ့ တရားမဝင်မွေးဖွားထားတဲ့ ကလေးအကြောင်း သတင်းထွက်လာပြီးတာတောင် သူမက ဘ၀င်ခိုက်နေတဲ့အပြုံးကို ပြုံးနေနိုင်ဆဲပင်။

သတင်းထွက်လာပြီးနောက်မှာတောင် ၀မ့်ရှားက အဲ့ဒါကိုလက်မခံသေးရင် သူမက ၀မ့်ရှင်းယွမ်ရဲ့ ဖခင်အရင်းကို မသိစေချင်တာဖြစ်နိုင်တယ်။

၀မ့်ရှင်းယွမ်က ပိုမိုကောင်းမွန်တဲ့ကုသမှုနဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုမျိုးကို သူ့အဖေအရင်းနဲ့ဆို ရရှိနိုင်လိမ့်မယ်။

၀မ့်ရှားက သူ့ကိုယ်သူ မိခင်ကောင်းတစ်ယောက်လို့ ကြော်ငြာထားပေမယ့် တကယ်တော့ သူမက မိခင်ကောင်းမဟုတ်ဘူး။

လော့ချယ်က တစ်စုံတစ်ခုကို သတိပြုမိသွားပုံရတယ်။ သူ့ရဲ့ သောက်ရှူးကြယ်လိုမျက်၀န်းတွေကို မျက်လွှာအနည်းငယ်ချပြီး သူ့ဘေးနားရှိ ကုမျန်ကိုကြည့်လိုက်တယ်။ "နေရာပြောင်းပေးရမလား"

ကုမျန်အံ့သြသွားတယ်။ တကယ်တော့ brand နာမည်ကို ဒီထိုင်ခုံက‌နေဖယ်ပြီး အခြားထိုင်ခုံမှာ ပြန်ကပ်လိုက်သရွေ့ နေရာပြောင်းလဲဖို့က အခက်အခဲမရှိပေ။

ဒါပေမယ့် ယေဘူယျအားဖြင့်တော့ ဘယ်သူမှ အဲ့လိုမလုပ်ကြဘူး။

ကုမျန်က ၀မ့်ရှားဆီက‌နေ ပုန်းဖို့မလိုအပ်ဘူးလို့ ထင်တာကြောင့် ခေါင်းယမ်းလိုက်ကာ လော့ချယ်ရဲ့အဆိုပြုချက်ကို ငြင်းပယ်လိုက်တယ်။

China Acting Awardက တကယ်တော့ ‌ဒီလိုဆုပေးပွဲဖြစ်တယ်။နှစ်ကုန်ရင် သူတို့က အသစ်လေးတွေကို အားပေးတယ်၊ ပရိသတ်ရှေ့မှာ ထိတွေ့ခွင့်ပေးပြီး စီနီယာတွေကိုတော့ အသိအမှတ်ပြုမှုတချို့ပေးတယ်။

China Acting Award ရဲ့ တစ်ဝက်မှာ ကုမျန်က သန့်စင်ခန်းသွားဖို့ထလိုက်ပြီး လော့ချယ်ကလည်း သူမနဲ့အတူ ထရပ်လာတယ်။

ကုမျန် သန့်စင်ခန်းထဲဝင်သွားတော့ လော့ချယ်က ဆေးလိပ်သောက်တဲ့အခန်းထဲကနေ လော့ကျစ်ယွီကို ဖုန်းခေါ်လိုက်တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now