Chapter [106] - Extra 3

Start from the beginning
                                    

ပြည်တွင်းပရိသတ်များပင် နဉ်ရှီအတွက် Weibo Acc ဖွင့်ထားသော ပြည်ပပရိသတ်များနှင့် အသားကျနေပြီဖြစ်သည်။ နဉ်ရှီအကြောင်း နိုင်ငံခြားသတင်းများကိုလည်း ကျင့်သားရလာချေပြီ။ ယနေ့ နိုင်ငံခြားဇာတ်ကားတစ်ခုတွင် နဉ်ရှီ ပါဝင်သရုပ်ဆောင်နေကြောင်း သတင်းတက်ပြီး နောက်တစ်နေ့ ကမ္ဘာကျော်သရုပ်ဆောင်များနှင့် ရင်ဘောင်တန်းကာ ကော်ဇောနီထက် လျှောက်လှမ်းနေကြောင်း သတင်းတက်လာနိုင်သလို နောက်ရက်များတွင်လည်း မည်သည့်ကမ္ဘာကျော်မဂ္ဂဇင်းမှာ မည်သို့ မျက်နှာဖုံးမော်ဒယ်လုပ်နေကြောင်း သတင်းတက်လာတတ်သည်။

ခြုံငုံပြောရလျှင် ကမ္ဘာကျော်သရုပ်ဆောင်အများစုသည် သူမလောက် မငယ်ရွယ်သလို သူမ၏ အသက်အရွယ်တွင် ဤမျှအောင်မြင်ကျော်ကြားခြင်း၊ သို့မဟုတ် အနုပညာလောက၏ အသိအမှတ်ပြုခံရခြင်း မရှိဖူးပေ။ နဉ်ရှီသည် ပွဲဦးထွက်ပြီး နှစ်နှစ်အကြာမှာတော့ ခင်ပွန်းဖြစ်သူနှင့် လက်ထပ်ခဲ့၏။ ထိုဖြစ်ရပ်ကြောင့် ယောက်ျား၊ မိန်းမ၊ ပရိသတ်အားလုံး တစ်ဖက်မှာ ဆုတောင်းပေးကြသလို တခြားတစ်ဖက်တွင်လည်း တိတ်တခိုးလေး ဝမ်းနည်းမျက်ရည် သုတ်ကြရသည်။ သူတို့၏ နတ်ဘုရားမလေး လက်ထပ်သွားပြီဖြစ်၍ သူတို့အနေဖြင့် သူမ၏ ဇနီးလေး၊ သို့မဟုတ် ခင်ပွန်းသည် မဖြစ်နိုင်တော့ပေ။ တကယ့်ကို ဝမ်းနည်းစရာကောင်းလှသည်။

နဉ်ရှီလက်ထပ်ပြီးသည်မှာ လေးနှစ်ကျော်ပင် ကြာမြင့်ခဲ့ချေပြီ။ နဉ်ရှီက Weibo ပေါ်တွင် ချစ်စရာကောင်းသည့် ဓာတ်ပုံများ တင်ရတာကို မနှစ်သက်သလို သူ့ခင်ပွန်း၏ Weibo ကလည်း အများအားဖြင့် လှုပ်ရှားမှုမရှိပေ။ တစ်ခါတရံ Repost တင်ခြင်း၊ သို့မဟုတ် တခြားပို့စ်တစ်ခုကို Like လုပ်ခြင်းသာ လုပ်တတ်ပြီး ထိုအပြုအမူအားလုံးက နဉ်ရှီအတွက်သာ ဖြစ်သည်။ သူတို့နှစ်ဦး၏ အပြုအမူက တစ်ဦးကိုတစ်ဦး ချစ်ကြောင်းကြင်နာကြောင်း တမင်ဖော်ပြနေစရာမလိုသည့် အချစ်သက်သေတစ်ခုဟု ပရိသတ်များကို ခံစားရစေသည်။

ဒုတိယအချစ်သက်သေကား ဒါရိုက်တာတချို့ ပြောကြားလာခြင်းပင်။ သူတို့ ညအိပ်ညနေ ရုပ်ရှင်ရိုက်ရသည့် နေ့များဆိုလျှင် တစ်စုံတစ်ယောက်က ခေါင်းဆောင်မင်းသမီးအတွက် ညလယ်စာ စီစဉ်ပေးတတ်သည်ဟူ၍။ ထိုလူကား နဉ်ရှီ၏ အမျိုးသားပင် ဖြစ်သည်။

🎉 You've finished reading နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️ 🎉
နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now