အခန်း ( ၃၇ )

881 134 3
                                    




// Unicode //




“ ဘာဖြစ်လို့လဲ "

ယန်ယွဲ့ ကားထုတ်လာစဉ် တာ့ဟေး၏မူမမှန်မှုကို သတိထားမိသဖြင့် ကားပေါ်ကနေဆင်းပြီး တာ့ဟေး ကြည့်နေသော လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်သော်လည်း ဘာမှမတွေ့ပေ။

လုလင်းရှီက စိုးရိမ်တကြီးဖြင့်,

“ ကားတစ်စီး ဖြတ်သွားတော့ တာ့ဟေး ဒီလိုဖြစ်သွားတာ "

သူက တာ့ဟေး၏ခေါင်းကို ပွတ်သပ်ပြီး စိတ်ငြိမ်အောင် ကြိုးစားနှစ်သိမ့်နေ၏။ ကားက အရှိန်ပြင်းစွာ မောင်းထွက်သွားသဖြင့် လုလင်းရှီက ၎င်းမှာ အနက်ရောင် Audi ကားဖြစ်ကြောင်းကိုသာ မှတ်မိပြီး တခြားဘာမှမမြင်လိုက်ပေ။

ယန်ယွဲ့က မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုကို ရေးရေးမျှ တွေးမိသွားသည်။ တာ့ဟေး အရိုက်ခံထားရသည်မှာ အတော်ကြာနေပြီဖြစ်သဖြင့် တာ့ဟေးက သူ့ကိုရိုက်သောလူကို မှတ်မိရန် မဖြစ်နိုင်ပါ။ သို့သော် ခွေး၏အာရုံခံနိုင်စွမ်းက အတော်လေး စူးရှပြီး တာ့ဟေးကလည်း ထူးထူးခြားခြား ဉာဏ်ထက်တာကြောင့် ၎င်းက တရားခံ ဖြစ်နိုင်သည်။

ယန်ယွဲ့က တာ့ဟေးကို ငုံ့ကြည့်လိုက်ပြီး လုလင်းရှိက နှစ်သိမ့်ပေးနေသော်လည်း တာ့ဟေးကို ကြည့်ရသည်မှာ အတော်လေး ဒေါသထွက်နေပုံရသည်။ သူ့မျက်လုံးတို့က ရှေ့ကို စူးစူးရဲရဲနှင့် စိုက်ကြည့်နေပြီး သူ့လည်ချောင်းကနေ မာန်ဖီသံထွက်နေ၏။ ယခုအချိန်အထိ တာ့ဟေးက လုလင်းရှီဘေးတွင် လိမ်လိမ်မာမာဖြင့် ပြုမူနေသဖြင့် ယန်ယွဲ့သည် တာ့ဟေးက ယခင်က လေလွင့်ခွေးတစ်ကောင်ဖြစ်ကြောင်းကို မေ့လုနီးပါးဖြစ်နေခဲ့သည်။ ခွေးတစ်ကောင်က တိုက်ခိုက်ရန် လိုအပ်သည်။ အစားအစာအတွက် တိုက်ခိုက်ရသည်။ အသက်ရှင်ရန်အတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရသည်။

ယန်ယွဲ့က လုလင်းရှီအတိုင်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး တာ့ဟေး၏မျက်လုံးတို့ကို ကြည့်ကာ ‌အလေးအနက်ဖြင့်,

“ ဖြတ်သွားတဲ့ ကားထဲကလူက မင်းကို ရိုက်သွားတဲ့ တစ်ယောက်လား "

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now