အခန်း ( ၂၉ )

781 144 5
                                    


// Unicode //

ခန်းကုတင်မှာ လုလင်းရှီအတွက် လုံးဝကို သစ်လွင်သော အတွေ့အကြုံတစ်ခုဖြစ်သည်။

သူသည် ခန်းကုတင်အစွန်း၌ ထိုင်နေပြီး သိချင်စိတ်ဖြင့် ခြေဆောင့်ကြည့်လိုက်သော်လည်း မီးခိုးရောင်အုတ်ခဲများကို အတော်လေး ပြွတ်သိပ်နေအောင် စီတန်းထားသောကြောင့် မည်သည့်အသံမှ မထွက်လာခဲ့ပေ။ တာ့ဟေးမှာ သူ့အိမ်၌ရှိနေသည့်အတိုင်း ကုတင်အလယ်တွင် တွန့်လိမ်နေ၏။

“ ဒီအောက်မှာ တကယ်ရော မီးထည့်လို့ ရတာလား "

လုလင်းရှီသည် သူ့ဖိနပ်များကို ချွတ်ပြီး ကုတင်ပေါ်တတ်လိုက်သည်။ ထို့နောက် သူသည် ခန်းကုတင်၏ မာကျောသော ထောင့်စွန်းကို ပွတ်သပ်ကာ တာ့ဟေးကို စူးစူးစိုက်စိုက် ကြည့်နေသော ယန်ယွဲ့ကို မေးလိုက်သည်။

ခန်းကုတင်ပေါ်တွင် ယခုမှ ပထမဆုံးအကြိမ် အိပ်ဖူးသော ယန်ယွဲ့မှာ ယဲ့ယဲ့လေး ပြုံးလိုက်သည်။

“ အေးလာတဲ့အခါ ကိုယ်တို့ စမ်းကြည့်လို့ရတယ်... အဲဒါမှ ရလား မရလား သိမှာပေါ့ "

လုလင်းရှီသည် ဤစကား၏ သိမ်မွေ့နက်နဲသော အဓိပ္ပါယ်ကို နားမလည်လိုက်ဘဲ တောက်ပသောမျက်လုံးတို့ဖြင့် သဘောတူလိုက်သည်။ ယနေ့ သူ အတော်လေး ပင်ပန်းနေပြီဖြစ်သဖြင့် မီးပိတ်ပြီး သိပ်မကြာခင်မှာပင် အိပ်ပျော်သွားခဲ့သည်။ ဆင်ခြေဖုံးရပ်ကွက်၏ညသည် လမ်းမပေါ်တွင် ကားများ ဖြတ်သန်းသွားလာသံ သို့မဟုတ် လမ်းဘေးဆိုင်များ၏ ဆူညံသံများ မရှိဘဲ အတော်လေး တိတ်ဆိတ်လှသည်။ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော အင်းဆက်များ၏ အော်သံနှင့်အတူ အိမ်ထက်တွင် ကြည်လင်သော လရောင်တို့ ဖျာကျနေပြီး သိမ်မွေ့သော လေထုကို လွှမ်းခြုံထားသည်။

ယန်ယွဲ့သည် သူ အိပ်မပျော်နိုင်ဘူးဟု ထင်ထားခဲ့သော်လည်း သူ မျက်လုံးမှိတ်လိုက်နှင့် အင်းဆက်များ၏ အော်သံနှင့်အတူ မနက်မိုးလင်းသည်အထိ အိပ်ပျော်သွားခဲ့သည်။ အိပ်မပျော်ခြင်း သို့မဟုတ် အိပ်မက်ဆိုးများ မရှိသည့်အပြင် သူသည် တစ်ညလုံး မြက်ခင်းများ သစ်ပင်များ၏ ရနံ့တို့ဖြင့် ဝန်းရံခံထားရပုံရပြီး တာ့ဟေး၏ ဟောက်သံများကိုပင် လျစ်လျူရှုထားနိုင်ခဲ့သည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now