အခန်း ( ၂၇ )

697 168 5
                                    





// Unicode //




ညနေခင်း လုလင်းရှီ အိမ်ပြန်ရောက်သောအခါ အဝေးမှပင် မွှေးကြိုင်သော ရနံ့များကို ရလိုက်သည်။ ထိုအနံ့က ခရမ်းချဉ်သီးအနံ့လိုလို ငံပြာရည်အဆိမ့်အနံ့လိုလိုပင်။ ထိုအနံ့က အဆောက်အဦးတစ်ခုလုံး ပျံ့နှံ့နေပြီး လုလင်းရှီ ဘာမှမလုပ်နိုင်သေးခင်မှာပင် တာ့ဟေးမှာ သွားရည်များရွှဲနေပြီဖြစ်သည်။

“ အစားပုပ်လေး "

လုလင်းရှီသည် သူ့လက်ချောင်းများဖြင့် တာ့ဟေး၏ခေါင်းကို ပွတ်သပ်ပြီး စနောက်လိုက်သည်။ တာ့ဟေးကို ပထမဆုံးစတွေ့ခဲ့စဉ်က သူ မှတ်မိနေသေးသည်။ တာ့ဟေးသည် အစားအစာများကို အကုန်မစားရဲပေ။ အလွန်အကျွံစားလိုက်ပါက သူ့ကို လူအများ သဘောမကျတော့ဘဲ စွန့်ပစ်လိုက်မည်ကို စိုးရိမ်နေခဲ့သည်။ ရက်အနည်းငယ်အတွင်း တာ့ဟေးသည် အစားပုပ်သော သူ့သဘာဝကို လှစ်ပြခဲ့ပြီး အိမ်နောက်ဖေးတွင် မှည့်နေသော ခရမ်းချဉ်သီးတစ်ဝက်နီးပါးသည် တာ့ဟေး၏ဗိုက်ထဲတွင် အဆုံးသတ်သွားခဲ့သည်။ သူ၊ ဝမ်စုရှို့ နှင့် ယိဟန်တို့ပေါင်းလိုက်လျှင်ပင် တာ့ဟေးလောက် မစားနိုင်ပေ။

တာ့ဟေးကို စနောက်ပြီးနောက် လုလင်းရှီ သော့ရှာနေစဉ် အတွင်းမှ တံခါးပွင့်လာပြီး ဝမ်စုရှို့က သူ့ကို ထူးထူးဆန်းဆန်း ကြည့်လာခဲ့သည်။

“ ဒီနေ့ ဘာလို့ စောစော ပြန်လာတာလဲ "

“ ကိစ္စနည်းနည်းရှိလို့ ဆိုင်ကို စောစောပိတ်လိုက်တာ "

လုလင်းရှီက နာနာခံခံဖြင့် ပြန်ပြောလိုက်သည်။

ဝမ်စုရှို့သည် တံခါးကို ဖွင့်လိုက်ပြီး တာ့ဟေး၏ခြေလက်များကို သုတ်ရန် တံခါးဝတွင် ထိုင်နေသော လုလင်းရှီကို ကြည့်လိုက်သည်။ သူမ နှုတ်ခမ်းထောင့်တို့မှာ လှုပ်သွားပြီးနောက် သတိပေးလိုက်သည်။

“ ပြန်လာတော့လဲ ပြန်လာတာပေါ့... မား ခရမ်းချဉ်သီးဆော့စ် နည်းနည်း လုပ်ထားတယ်... ပြီးရင် မင်း ခရမ်းချဉ်သီးတချို့ရွေးပြီး အဲဒါနဲ့ ဆော့စ်တချို့ကို ယိဟန်နဲ့ သူ့မိသားစုဆီ ယူသွားပေးလိုက်ဦး "

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now