အခန်း ( ၂၀ )

1.1K 228 2
                                    



// Unicode //





သဘာဝစွမ်းအား ဆိုသည်မှာ ကလစ်ဗီးယားကို ကယ်တင်နိုင်ခဲ့ချိန်က ဘောင်ကွက်မှ ပေးခဲ့သော ဆုလာဘ်ဖြစ်သည်။ လုလင်းရှီသည် ၎င်းကို အချိန်အတော်ကြာ စူးစမ်းလေ့လာခဲ့ပြီး သဘာဝစွမ်းအားက အတိအကျ မည်သည့်အရာဖြစ်သည်ကို အဖြေရှာနေခဲ့သည်။ ဤအချိန်၌ သဘာဝစွမ်းအား၏အသုံးဝင်ပုံကို ရှာတွေ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဘောင်ကွက်ပေါ် သတိပေးချက် ရလိုက်ချိန် လုလင်းရှီသည် ချက်ချင်း ရွှေးချယ်မှု မပြုခဲ့ပေ။ သူ ဒီပန်းပင်ကို ကယ်ချင်လား...။ သေချာတာပေါ့ သူ ကယ်ချင်တယ်...ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး...။ ဘောင်ကွက်က ပန်းပင်ကိုကယ်ရန် မည်သို့လုပ်ဆောင်မည်ကို သူ မသိပေ။ အကယ်၍ နွေဦးတောရိုင်းသစ်ခွကို လူတိုင်းရှေ့ ကယ်တင်မည်ဆိုလျှင် အတော်လေး ရုန်းရင်းဆန်ခတ်မှု ဖြစ်သွားနိုင်ပြီး သူ့ကို မကောင်းဆိုးဝါးတစ်ကောင်အဖြစ် သတ်မှတ်ပြီး ခွဲစိတ်လေ့လာရန် ဓာတ်ခွဲခန်းထဲ အပို့ခံရနိုင်သည်။

သူ တွန့်ဆုတ်နေချိန်တွင် မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်နေကြသော လူအိုကြီးများသည် အခြေအနေအနည်းငယ် ကောင်းမွန်သေးဟန်ရသော အပင်တချို့ကို ရွေးယူပြီး ထွက်သွားကြသည်။ ၎င်းကို ကယ်တင်နိုင်လိမ့်မည်ဟု လုံးဝမ‌မျှော်လင့်သောကြောင့် အမြစ်ကျိုးနေသော သစ်ခွကို မည်သူမှ မရွေးယူကြပေ။

စုဝေ့ကျန်းကလည်း ဒူးထောက်ပြီး စိတ်ဝင်တစားနှင့် ရွေးချယ်နေရင်း လုလင်းရှီကို ပြောလိုက်သည်။

“ ဒီပန်းပင်တွေရဲ့ ခြောက်သွေ့နေပုံရတဲ့ အပြင်ပန်းပုံကိုပဲ မကြည့်နဲ့... ကံကောင်းပြီး ကျွမ်းကျင်သူနဲ့တွေ့ရင် သူတို့ကို ကယ်တင်နိုင်လိမ့်မယ်... တချက်လာကြည့်ကြည့်... တချို့တွေဆို အတော်လေး နှမြောစရာကောင်းတယ် "

လုလင်းရှီသည် စုဝေ့ကျန်းဘေး နာနာခံခံနှင့် ‌ငုတ်တုတ်ထိုင်လိုက်ပြီး သူ့အာရုံမှာ အမြစ်ကျိုးနေသော နွေဦးသစ်ခွပေါ်တွင်သာ ရှိနေခဲ့သည်။

စုဝေ့ကျန်းက အလျင်အမြန်ဖြင့် သူ့အကြည့်ကို သတိပြုမိပြီး ပြုံးလိုက်သည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now