အခန်း ( ၂၄ )

808 180 1
                                    




// Unicode //





“ ယန်တာ့ကော "

လုလင်းရှီသည် ယန်ယွဲ့ ဝင်လာသည်ကို မြင်သောအခါ ပြုံးပြီး နှုတ်ဆက်လိုက်ကာ သူ့အကြည့်တို့က ယန်ယွဲ့လက်ထဲက ရေမွှေးပန်းဆီသို့ ကျရောက်သွားခဲ့သည်။

“ ဒီ ရေမွှေးပန်းနဲ့ပတ်သက်ပြီး ပြသနာတစ်ခုခု ထပ်ဖြစ်ပြန်ပြီလား "

ယန်ယွဲ့သည် လွန်ခဲ့သော သုံးရက်ခန့်က ရှောင်ဟွားယွမ်မှ ရေမွှေးပန်းကို ဝယ်ပြီးကတည်းက အိုးကိုကိုင်ပြီး လုလင်းရှီရှေ့သို့ နေ့တိုင်း ပေါ်လာခဲ့သည်။

“ ဒီရေမွှေးပန်းအိုးကို တစ်နေ့ ရေ ဘယ်နှကြိမ်လောင်းရလဲ "

“ ညဘက်ကျရင် ဒီပန်းအိုးကို ကိုယ် အိပ်ရာပေါ်မှာ ထားလို့ရလား ဒါမှမဟုတ် ပြတင်းပေါက်မှာပဲ ထားရမလား "

“ ညတုန်းက ကိုယ် ရေနည်းနည်းပိုပြီး လောင်းမိလိုက်တယ်... ရေမွှေးပန်းရဲ့အမြစ်တွေ ပုပ်သွားလောက်လား "

လုလင်းရှီသည် မည်သည့်အရာကိုမှ သံသယမဝင်ဘဲ ယန်ယွဲ့ကို ပန်းဥယျာဉ်စိုက်ပျိုးခြင်းကို ဝါသနာပါသူအသစ်တစ်ယောက်အဖြစ်သာ ဆက်ဆံခဲ့သည်။ ရံဖန်ရံခါ ဆိုင်၌ သူသည် ပန်းပင်များကို စတင်စိုက်ပျိုးရခြင်းကြောင့် အနည်းငယ် လွန်လွန်ကဲကဲ စိုးရိမ်နေတတ်သော ယန်ယွဲ့ကဲ့သို့ ကာစတန်မာများကို ကြုံတွေ့ရတတ်သည်။ တချို့ကာစတန်များသည် တစ်ရက်အတွင်း ၎င်းတို့၏ပန်းပွင့်ကြွေကျသည့် ပွင့်ချပ်အရေအတွက်ကိုပင် မှတ်တမ်းတင်ထားပြီး တစ်ခုခု ပြသနာရှိမရှိ မေးရန် ဆိုင်သို့ စိုးရိမ်တကြီး ပြေးလာတတ်ကြသည်။ လုလင်းရှီ ကိုယ်တိုင်ကလည်း ပန်းပင်များကို ပြုစုပျိုးထောင်ရာတွင် အတွေ့အကြုံမရှိသေးသူဖြစ်ပြီး သူ၏တစ်ခုတည်းသော အားသာချက်မှာ အဖြူရောင်ဘောင်ကွက် ရှိနေခြင်းသာ ဖြစ်သည်။ ရှိုးတိုးရှန့်တန့် မဖြစ်ရအောင် ဤအချိန်အတွင်း၌ တတ်နိုင်သမျှ ဗဟုသုတကြွယ်ဝစေရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။ ကာစတန်မာများအား ၎င်းတို့၏ သံသယများကို ရှင်းပြရခြင်းမှာ အမှန်တကယ်တွင် သူ၏ဗဟုသုတများကို စုစည်းပြီး ပြန်လည်သုံးသပ်ခြင်းလည်း ဖြစ်သည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now