အခန်း ( ၂၁ )

1K 231 3
                                    



// Unicode //



“ ရှောင်ရှီ "

“ ဟမ်? "

တုံကျစ်သည် ကောလဟလမှာ လုလင်းရှီနှင့် ပတ်သတ်မှု ရှိ မရှိ မသေချာသော်လည်း ကောလဟလထဲက အဓိကအချက်များစွာသည် လုလင်းရှီနှင့် ကိုက်ညီနေခဲ့သည်။ ‌ပန်းဥယျာဉ်ဆိုင်၊ လုလင်းရှီ အမည်ရှိ သားတစ်ယောက်၊ အရေးကြီးဆုံးမှာ ယန်ယွဲ့ကို တွေ့ပြီးနောက် ‌ကောလဟလထဲက ထိုလူကို တိုက်မိသောကားအကြောင်းကို တုံကျစ်အား ပြန်လည်သတိရစေသည်။ မြို့လယ်ခေါင်၌ ရုတ်တရက် သတ်သေရန် ကြိုးစားသော သက်လတ်ပိုင်းအရွယ် အမျိုးသား၊ လောင်းကစားကြောင့် ကွာရှင်းချင်နေသော ဇနီး၊ ပန်းဥယျာဉ်ဆိုင်၌ အလုပ်လုပ်နေသော သား၊ သူ ထိုအကြောင်းကို လုလင်းရှီအား တုံ့ဆိုင်းစွာ ပြောပြလိုက်သည်။ နောက်ဆုံးတွင် ကားပိုင်ရှင် လူငယ်က ထိုလူကို ဆေးရုံသို့ ခေါ်သွားခဲ့ပြီး ဝင်တိုက်သောကားမှာ Jaguar အမျိုးအစားဖြစ်သည်။ အကယ်၍ အချက်တစ်ချက်က တိုက်ဆိုင်မှုဟုဆိုလျှင် အချက်ပေါင်းများစွာ ထပ်တူကျနေသည်က တိုက်ဆိုင်မှုဟု တုံကျစ် မထင်ပေ။

တုံကျစ် စကားဆုံးသောအခါ လုလင်းရှီမှာ အံ့အားသင့်သွားခဲ့သည်။ ၎င်းကို နားထောင်ပြီးနောက် တစ်ခုခု မှားယွင်းနေသည်ကို သူ ခံစားလိုက်ရသည်။ ကောလဟလထဲက သက်လတ်ပိုင်းလူက လုယိဆွေ့နှင့် အတော်လေး တူညီနေ၏။ ကားပိုင်ရှင်မှာ ယန်ယွဲ့ ဖြစ်နိုင်သည်။ ဒါပေမယ့် ကားပိုင်ရှင်က ယန်ယွဲ့ဆိုရင် ခဏတုန်းက သူ ဘာလို့ ဘာမှမပြောတာလဲ...။ မနေ့က လုယိဆွေ့ ရုတ်တရက် ကွာရှင်းရန် ပြောလာသည်နှင့် ချိတ်ဆက်လိုက်သောအခါ လုလင်းရှီ၏နှလုံးသားမှာ အနည်းငယ် ငြိမ်သက်သွားခဲ့ပြီး ဝမ်စုရှို့ကို ဖုန်းခေါ်ပြီးမေးရန် စဉ်းစားလိုက်သည်။

“ တုံကော... ကျေးဇူးတင်ပါတယ်... ကျွန်တော် အရင် ပြန်နင့်တော့မယ်နော် "

လုလင်းရှီက ကမန်းကတန်း နှုတ်ဆက်လိုက်သည်။ သူ ထွက်သွားသည်နှင့် ပျင်းရိစွာ လဲလျောင်းနေသော တာ့ဟေးသည် ရုတ်ခြည်း ထရပ်လိုက်ပြီး သူ့နောက် လိုက်သွားခဲ့သည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now