အခန်း ( ၁၈ )

1K 235 3
                                    

// Unicode //



ယန်ယွဲ့ ကားရပ်ထားသည့်နေရာမှာ ရှောင်ဟွားယွမ်နှင့် သိပ်မဝေးပေ။ ဘယ်ဘက်သို့ကွေ့လိုက်သည်နှင့် ရှောင်ဟွားယွမ် တည်ရှိသော လမ်းသို့ ရောက်ပေလိမ့်မည်။ တာ့ဟေးမရှိဘဲ သူ ဒီမှာကြာကြာနေ၍ မရပေ။ လုလင်းရှီရှေ့ ပေါ်လာရန် သင့်တော်သော အကြောင်းပြချက်ကို ရှာရန်လိုအပ်သည်။

နွေအလယ်ပိုင်း ရာသီဥတုမှာ အတော်လေးပူလွန်းသဖြင့် လမ်းပေါ်က ကတ္တရာများ အရည်ပျော်တော့မတတ်ပင်။ နေပူပူထဲ ပြေလွှားနေကြသော လမ်းသွားလမ်းလာများသည် မကြာခဏ ရေဓာတ်များ ခန်းခြောက်နေဟန်ရပြီး သူတို့ ယန်ယွဲ့ကားဘေး ဖြတ်သွားချိန် သူ့ကို အနည်းနှင့်အများ စူးစူးစိုက်စိုက် ကြည့်သွားကြသည်။

ကားထဲတွင် လေအေးပေးစက် ဖွင့်ထားသော်လည်း ယန်ယွဲ့သည် အပြင်ဘက်က လမ်းသွားလမ်းလာများထက် ပို၍ ပူလောင်နေခဲ့သည်။ ဤပူလောင်မှုက သူ့ခန္ဓာကိုယ်မှ ထွက်လာခြင်းမဟုတ်ဘဲ သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ မရောင့်ရဲနိုင်သော အလိုဆန္ဒမှ ထွက်လာခြင်း ဖြစ်သည်။ သူ ကောင်လေးရှေ့၌ ချက်ချင်းပေါ်လာချင်သော်လည်း လုလင်းရှီ၏ တုံ့ပြန်မှုကိုလည်း သတိထားနေရသည်။ တာ့ဟေးထံ လာလည်ခြင်းဟူသော မူမမှန်အကြောင်းချက်နှင့်သူသည် နေ့လည်ခင်းတိုင်း ကောင်းလေးအနားသို့ ရောက်လာလေ့ရှိသည်။ ကောင်လေးဆီမှ သက်တောင့်သက်သာရှိသော အော်ရာကို ခံစားနိုင်ပြီး တစ်ခါတစ်လေ ကောင်လေးဆီမှ ဖြူစင်သန့်ရှင်းသော အပြုံးတစ်ပွင့်ပင် ရတတ်သည်။ ထိုအခါ ယန်ယွဲ့ ကိုယ်တွင်း၌ မွှေနှောက်နေသော မငြိမ်မသက်မှုများသည် ပင်လယ်ပြင်ထက် လေပြေလေညှင်း တိုးဝှေ့သွားသကဲ့သို့ ငြိမ်သက်သွားခဲ့သည်။ ယခု သူ့အလေ့အထမှာ အဆတ်ပြတ်သွားခဲ့ပြီး ယန်ယွဲ့သည် သဲကန္တာရထဲတွင် ရေငတ်နေသော ခရီးသွားတစ်ယောက်ကဲ့သို့ သူ့အသက်ကယ် နွေဦးပေါက်ကို အရူးအမူးတောင့်တနေကာ သူစိတ်ဆန္ဒတို့ကို လုံးဝချုပ်တည်းထားနိုင်ခြင်း မရှိတော့ပေ။

စတီယာဘီးကို ညင်သာစွာ ပုတ်လိုက်ပြီး ယန်ယွဲ့သည် လီဗာကိုနင်းလိုက်သည်။ သူသည် pet ဆိုင်သို့သွားပြီး ထိုငတုံးခွေးအတွက် ခွေးစာတစ်ချို့ဝယ်ပြီး ကောင်‌လေးနှင့်တွေ့ရန် ၎င်းကိုအကြောင်းပြချက်အဖြစ်သုံးရန် ကြံလိုက်သည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now