အခန်း ( ၇ )

1.5K 269 5
                                    

// Unicode //



အပိုင်း ( ၇ )

ရန်ပွဲတစ်ခုက လုလင်းရှီနှင့် ဝမ်စုရှို့ကို ကျော်ကြားလာစေခဲ့သည်။  အတွင်းလူနာဌာန၏သုံးလွှာတွင် ထိုသားအမိ ရှိသည်ကို ဆေးရုံတစ်ခုလုံးက သိကြသည်။ ဆရာဝန်များ လာရောက်စစ်ဆေးချိန်တွင်ပင် သူတို့သည် ဝမ်စုရှို့၏ဆယ်စင်တီမီတာရှိသော ဒေါက်မြင့်အကြောင်း၊ ထိုချွန်ထက်ပြီး ပါးလွှာသော ဒေါက်မြင့်ဖြင့် အရိုက်ခံရလျင် မည်မျှနာကျင်ကြောင်း ပြောဆိုနေကြသည်။

ဤရန်ပွဲမှတစ်ဆင့် ဝမ်စုရှို့သည် မထင်မှတ်ထားစွာ အဆောင်ထဲက အခြားလူများနှင့် ပို၍ နီးကပ်လာခဲ့သည်။

ထျန်းကျဲက ပြုံးလျက် သူမကို အရွှန်းဖောက်လိုက်သည်။

“ အစ်မရဲ့သားက ဆိုးဆိုးဝါးဝါး ကြီးပြင်းလာခဲ့တာ မဟုတ်ဘူးပဲ... တစ်ခုခုဖြစ်ရင် သူ့အမေဘက်ကပဲ ရပ်တည်ပေးတယ်"

ဝမ်စုရှို့ကို ကြည့်ရသည်မှာ အတော်လေး ပျော်ရွှင်နေပုံရသည်။

“ သေချာတာပေါ့ "

အခြားလူများလည်း လိုက်၍ စနောက်လာကြသဖြင့် ဝမ်စုရှို့မှာ ပို၍ပင် ပျော်ရွှင်လာခဲ့သည်။

သူတို့စကားဝိုင်း၏ ဇာတ်ဆောင်ဖြစ်နေသော လုလင်းရှီမှာ အနည်းငယ် မသက်မသာ ဖြစ်နေခဲ့သည်။ ဤအတွေ့အကြုံက သူ့အတွက် အလွန်အသစ်အဆန်းဖြစ်နေခဲ့သည်။   ဝမ်စုရှို့၏နှလုံးသားထဲက သူ့အတွက် ဂုဏ်ယူနေမှုကို သူ ခံစားနိုင်သည်။  ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင်း သူ့အဖေဟုခေါ်သောလူ၏ခါးကို ဖမ်းချုပ်ထားရုံသာဖြစ်ပြီး သူ ဘာမှမလုပ်ခဲ့ရပေ။ ဝမ်စုရှို့က ဒီလိုကိစ္စအသေးအမွှားလေးကြောင့် ပျော်ရွှင်နေတာလား...။ လုလင်းရှီသည် ခေါင်းငုံ့လိုက်ပြီး ဝမ်စုရှို့၏အသွင်အပြင်ကို တစ်ချက်ကြည့်လိုက်သည်။ သူမမျက်လုံးများထဲက အနည်းငယ် နီရဲနေခြင်းမှာ ပျောက်သွားခဲ့ပြီဖြစ်ပြီး ဤအခိုက်အတန့်တွင် သူမ၏အပြုံးတို့မှာ အလွန်ရိုးသားနေခဲ့သည်။

လုလင်းရှီ၏အကြည့်ကို သတိထားမိလိုက်သဖြင့် ဝမ်စုရှို့က သူ့ဘက်ကို အမြန်လှည့်ကြည့်လာပြီး စိုးရိမ်တကြီး မေးလာခဲ့သည်။

Pastoral Daily Life ||ဘာသာပြန်||Tahanan ng mga kuwento. Tumuklas ngayon