စိန်လည်ဆွဲကို ခန်ယန်ယန်ဆီပေးလိုက်ပြီးနောက် ရှောင်ကျူးက ဒီအကြောင်းကို ပိုတွေးမိလေလေ သူမကိုယ်သူမ ပိုအပြစ်တင်မိလေလေပဲ။

သူမရဲ့ ပေါ့လျော့မှုကြောင့်သာ မဟုတ်ရင်၊ ကုမျန်က အရှေ့ကို တွန်းပို့ခံရပြီး အနက်ရောင်နာနတ်သီးအချို့ အပြစ်တင်တာကို ခံရမှာမဟုတ်ဘူး။ ခန်ယန်ယန်ကလည်း ကုမျန်ကို ကူညီဖို့ သူမဘက်ရပ်တည်ပေးရမှာ မဟုတ်ဘူး။ ဒါဆို အဲ့ဒီနောက်မှာ ကုမျန်က သူမရဲ့စိန်လည်ဆွဲကို ခန်ယန်ယန်ဆီ ငှားပေးရမှာလည်းမဟုတ်ပေ။

ကုမျန်မှာ တန်ဖိုးကြီးစိန်လည်ဆွဲမရှိတော့တာ သူမရဲ့အမှားပဲ။

သူမသာ သတိရှိခဲ့ရင်..။

သဘက်ခါက ဘာလဲ။ အဲ့ဒါ China Acting Awardလေ။

ဒီအခမ်းအနားက သာမန်အခမ်းအနားတွေနဲ့ မတူလေဘူး။ ဒါကို စူပါစတားများစုစည်းမှုအဖြစ် ဖော်ပြနိုင်ပြီး ကြယ်ပွင့်ဟောင်းတွေလည်း ပေါ်လာကြမှာပင်။ မင်းသမီးတွေက ကော်ဇောနီပေါ်မှာ အလှတရားအတွက် ယှဉ်ပြိုင်ကြတယ်။ သူတို့က ညနေခင်းဝတ်စုံ၊ မိတ်ကပ်နဲ့ လက်ဝတ်ရတနာတွေကို ဝတ်ဆင်လာကြလိမ့်မယ်။ နာမည်ကြီးကိုရီးယားကြယ်ပွင့်အများအပြားလည်း လာကြလိမ့်မယ်။ ဒါကြောင့် ဒီအခမ်းအနားက နှစ်စဉ်နှစ်တိုင်း အာရုံစိုက်မှုရခဲ့တာဖြစ်တယ်။

လော့ချယ်လို စူပါစတားtypeမျိုးကလွဲပြီး ဖျော်ဖြေရေးနယ်ပယ်ထဲရှိ နာမည်ကြီးအများစုက ဒီChina Acting Awardကို အရမ်းနှစ်သက်ကြတယ်။

ကော်ဇောနီပေါ် ရေပွက်ထအောင်လုပ်နိုင်ခဲ့ရင် သံသယဖြစ်စရာမလိုပဲ သူတို့ရဲ့ကျော်ကြားမှုကို အထောက်အကူဖြစ်စေမှာပါ။ ဒါပေမယ့် ကုမျန်က အခု လည်ဆွဲကို ဆုံးရှုံးလိုက်ရပြီလေ။

အကယ်၍ သူမသာ သာမန်လည်ဆွဲကို ၀တ်သွားခဲ့ရင် ၀မ့်ရှားက တခြားအခွင့်အရေးတစ်ခုနဲ့ ထွက်လာနိုင်သွားလိမ့်မယ်။ ဥပမာပြောရရင် ကုမျန်ရဲ့လက်ဝတ်ရတနာ တန်ဖိုးတွေနဲ့ပတ်သက်ပြီး သူမကို နှိမ်ပြောကာ ပြစ်တင်ဝေဖန်တာမျိုးပင်။

အဲဒါကို တွေးကြည့်ရုံနဲ့ ရှောင်ကျုးရဲ့ရင်ဘတ်က မွန်းကျပ်သွားရတယ်။ သူမ မကောင်းခဲ့တာမို့လို့ အရာအားလုံး သူမကိုယ်သူမပဲ အပြစ်တင်မိတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now