ဒါပေမယ့် သူမက ဟန်ဆောင်တာ အရမ်းတော်တယ်။ သူမရဲ့ချိုမြိန်ပြီး ဖြူစင်တဲ့ အသွင်အပြင်က လူတွေကို သတိလွတ်စေနိုင်ပြီး ရိုးရှင်းတဲ့မိန်းကလေးတစ်ဦးလို့ ထင်သွားစေတယ်။ဒါပေမယ့် သူမမှာ မရိုးစင်းလှတဲ့အတွင်းစိတ် ရှိနေတာကို ဘယ်သူမှမသိကြပေ။

ကုမျန် ဇာတ်ကြောင်းကို စဉ်းစားနေတုန်းမှာပဲ အေးဂျင့်လီနန်က ရှောင်ကျူးရဲ့ဆဲလ်ဖုန်းဆီ တိုက်ရိုက်ဖုန်းခေါ်လာတယ်။

လီနန်က အရမ်းဒေါသထွက်နေတယ်။ သူ့အသံက ကျယ်လောင်လွန်းတာကြောင့် ဖုန်းရဲ့မိုက်ခရိုဖုန်းကနေတစ်ဆင့် လွတ်ထွက်လာပြီး ကုမျန်တောင် သူ့အသံကိုကြားရတယ်။ ဖုန်းထဲမှာတော့ သူက ရှောင်ကျူးကို သူမရဲ့လုပ်ရပ်အတွက် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်နေတယ်။ သူ့စကားက ပြင်းထန်လွန်းတာကြောင့် ရှောင်ကျူးရဲ့မျက်၀န်းထဲကနေ မျက်ရည်တွေ စီးကျလာတော့တယ်။ ဖုန်းထဲမှာ  သူဘာတွေပြောနေလဲဆိုတာကိုတော့ ကုမျန်မသိဘူး။ ခဏကြာတော့ သူမက ဖုန်းချလိုက်တယ်။

ကုမျန်က ရှောင်ကျူးကို တစ်ရှူးပေးလိုက်ပြီး "အဆင်ပြေရဲ့လား?"

ရှောင်ကျူးက မျက်လွှာချပြီး ခေါင်းခါလိုက်ကာ တစ်ရှူးကိုယူပြီး တိတ်ဆိတ်စွာနဲ့ မျက်ရည်သုတ်လိုက်တယ်။ သူမရဲ့ချဉ်းကပ်မှုက မသင့်တော်တာကြောင့် အစ်ကိုနန် သူမကို ကြိမ်းမောင်းတာက မှန်တယ်။

အစ်ကိုနန်လို aceတစ်ဦးနဲ့မတူဘဲ၊ သူမရဲ့လုပ်ငန်းစွမ်းရည်က လက်ထောက်အားလုံးထဲမှာဆို သာမန်ပင်။

ကုကော်အန်း သူမကို ရွေးချယ်လိုက်တာက သူမရဲ့ အရည်အချင်းကြောင့်မဟုတ်ဘဲ သူမရဲ့ အကျင့်စရိုက်ကြောင့်ပါ။ သူမက ကုမျန်နဲ့ အသက်တူတူပဲလို့ ကုကော်အန်းခံစားမိခဲ့တယ်။ သူမတို့နှစ်ဦးမှာ တူညီတဲ့အရာများစွာရှိသင့်တာကြောင့် နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချပြီး သူမက ကုမျန်ရဲ့လက်ထောက်ဖြစ်လာခဲ့တယ်။

လီနန်မှာ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းနဲ့ သန်မာတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတာကြောင့် ဖြစ်နိုင်တယ်။ ဒါကြောင့် ဘက်ညီစေဖို့အတွက် ကုကော်အန်းက အနုပညာရှင်ရဲ့ဘဝကို ဂရုစိုက်ဖို့ နူးညံ့သိမ်မွေ့တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ လက်ထောက်ကို စဉ်းစားခဲ့တာပဲ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Tempat cerita menjadi hidup. Temukan sekarang