Chapter [104] - Extra 1

Start from the beginning
                                    

“မိုလီ၊ မေမေ သမီးကို ပြောပြရအုံးမယ်၊ သမီးကိုထိခိုက်စေခဲ့တဲ့ အဲ့ဒီလူယုတ်မာကောင်လေ ပြီးခဲ့တဲ့လကပဲ ပစ်သတ်မိန့်ရစစ်သားတွေ ကွပ်မျက်တာ ခံလိုက်ရပြီ...” အမေကျိုး၏မျက်နှာထက်ဝယ် မုန်းတီးရိပ်တို့ လျှပ်ပြေးသွားသည်။ “အဲ့အယုတ်တမာကောင်က မကောင်းတာတွေ အများကြီးလုပ်သွားတာ၊ ဆယ်ကြိမ်မက သေသင့်တယ်..”

ကျူးမိုလီတစ်ယောက် သူမအမေ၏ဒေါသတကြီးရှုံ့ချသံတို့ကို ဆက်ပြီးနားထောင်လိုစိတ်မရှိတော့ပေ။ အကြောင်းမှာ သူမဒီကိုလာတိုင်း ကျင်းညီအစ်ကိုကိုဆူဆဲနေတတ်၍ပင်။ ကျူးမိုလီကတော့ ကျင့်သားရနေခဲ့ပြီ။

လွန်ခဲ့သောတစ်နှစ်က သူမဟာ အနုပညာလောကတွင် အောင်မြင်ကျော်ကြားနေဆဲ မင်းသမီးတစ်လက်ဖြစ်ခဲ့‌သော်လည်း ယခုအချိန်တွင် အကျဉ်းသားဘဝသို့ ရောက်နေရ၏။ အစက သူမ နဉ်ရှီကို မုန်းတီးခဲ့သည်၊ နောက်ပိုင်းကျတော့ ကျင်းဟုန်ခိုင်ကို မုန်းတီးခဲ့ပေမဲ့ ယခုအချိန်တွင်တော့ သူမကိုယ်သူမသာ မုန်းတီးမိတော့သည်။ အနုပညာလောကကြောင့် စိတ်ရှုပ်ထွေးကုန်သည်မှာ သူမတကယ်ဘယ်သူလဲဆိုတာ မေ့သွားလုနီးနီး။

အကယ်၍ သူမသာ သရုပ်ဆောင်လောက၌သာ စိတ်နှစ်ထားခဲ့မည်ဆိုလျှင် ဤအခြေအနေထိ လဲပြိုကျသွားခဲ့မည်လော?

သူမအနေနှင့် မိုး၊ မြေနှင့် အခြားသူတွေကို အပြစ်တင်၍ရပေမဲ့ အဆုံးမှာ သူမကိုယ်သူမ အပြစ်တင်စရာသာရှိတော့သည်။

“အဲ့ဒီကျင်းညီအစ်ကိုနှစ်ယောက်က တကယ့်ကို အမှိုက်ကောင်တွေပဲ၊ ဒါနဲ့ ပြီးခဲ့တဲ့လက ကျင်းမိသားစုက ဒေဝါလီခံသွားရတယ်ဆိုပြီး မေမေကြားမိသေးတယ်” အမေကျူးက ကျင်းမိသားစု၏ကံဆိုးမှုအကြောင်းကို အာပေါက်မတတ်ဆက်ပြောနေသည်မှာ မသိလျှင် ယင်းကပဲ သူမအမုန်းကို လျော့စေမည့်အလား။ “ကျင်းယွမ်ဖုန်းက သူ့ခယ်မနဲ့ မရှုပ်မရှင်းဖြစ်ပြီး သူမဘဝကိုဆုံးရှုံးစေတဲ့အထိ ဖြစ်ခဲ့တယ်လို့လည်း ကောလာဟလထွက်ခဲ့သေးတယ်လေ၊ မှန်မမှန်တော့ ဘယ်သူသိမလဲကွယ်၊ ဒါပေမဲ့ သူ့မိန်းမက သူ့ကိုကွာရှင်းပြီး သူ့သားကလည်း ဂရုမစိုက်ပုံထောက်မှတော့ သူက ဘာမှကောင်းတဲ့ကောင်မဟုတ်ဘူးဆိုတာ သက်သေပြနေတာပဲ!”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now