ဒီအချိန်မှာတော့ ကိစ္စတွေက ဖြစ်ပျက်ပြီးသွားပြီ။ Weibo ကို ဖျက်လိုက်ရင်တောင် အသုံးမ၀င်ဘူး။

အင်တာနက်ပေါ်က ပြင်းထန်တဲ့တုံ့ပြန်မှုကို မြင်ပြီးနောက် ရှောင်ကျူးက အနည်းငယ် ထိတ်လန့်သွားတယ်။ သူမက ဖုန်းတောင်မဆက်ဘဲ ကုမျန်ရဲ့အိမ်ကို အလျင်စလိုသွားလိုက်တယ်။

ရှောင်ကျူးရောက်လာတော့ ကုမျန်က ဗီလာနောက်ဘက်ရှိ ဥယျာဉ်ထဲမှာ သူမရဲ့ နေ့လည်ခင်းလက်ဖက်ရည်ကို သောက်နေတာဖြစ်တယ်။ လက်ဖက်ရည်သောက်ရင်း ၊ အဆာပြေစားရင်း ၊ မဂ္ဂဇင်းကို လှန်ကြည့်ရင်း၊ သူမက သက်တောင့်သက်သာရှိလှတဲ့ဘဝလေးကို နေထိုင်ခဲ့တယ်။

ရှောင်ကျူးရဲ့ စိုးရိမ်နေတဲ့ရှင်းပြချက်ကို ကြားပြီးနောက်၊ ကုမျန်က "ရတယ်၊ ဘာပဲဖြစ်ဖြစ် Weibo က နင့်လက်ထဲကို အပ်ထားတာ‌လေ နင်လုပ်ချင်တာလုပ်လို့ရတယ်"

ရှောင်ကျူးက တံတွေးမျိုချလိုက်ပြီး ပူပင်သောကရောက်စွာ ပြောလိုက်တယ်။"ဒါပေမယ့် မျန်းမျန်၊ ငါ voteပေးခဲ့ပေမယ့်လည်း ဒါက နင့်ရဲ့ Weibo ဖြစ်လို့ နင်လုပ်ခဲ့တယ်လို့ တခြားသူတွေထင်မှာလေ"

ကုမျန်က စာမျက်နှာကို ပေါ့ပေါ့ပါးပါးနဲ့လှန်လိုက်ပြီး မဂ္ဂဇင်းကို စိုက်ကြည့်နေကာ ဒီကိစ္စကိုဂရုမစိုက်ဘဲ "နင်လုပ်လုပ် ၊ ငါလုပ်လုပ် ကိစ္စမရှိဘူး"

ရှောင်ကျူးက ကုမျန်ရဲ့ဂရုမစိုက်တဲ့ အမူအရာကြောင့် သက်ပြင်းကိုသာ ချလိုက်ရတယ်။ ဒီလိုတုံ့ပြန်မှုမျိုးကမှ ကုမျန်နဲ့တကယ်တူတာ။

ဒါပေမယ့် ရှောင်ကျူးက မသိချင်ဘဲမနေနိုင်ခဲ့ဘူး။"မျန်းမျန် နင်သာဆိုရင် ဘယ်သူကို voteမှာလဲ" ကုမျန်သာ လော့ချယ်ကို voteမယ်ဆိုရင် သူမ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ဆိုလိုတာပဲ။

ကုမျန်က လက်ဆန့်ပြီး ပန်းကန်ထဲက ကွတ်ကီးလေးတစ်ခုကို ယူလိုက်ကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်တယ်။"voteဖို့ အရမ်းပျင်းတယ်"

"တစ်ယောက်ယောက်ကို voteမှရမယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ"

မေးပြီးနောက် သူမမေးတဲ့မေးခွန်းက အမျိုးသမီးပရိသတ်တွေ မေးကြတဲ့အတိုင်းပင်ဖြစ်နေပြီး ကုမျန်အား အတင်းဖိနှိပ်မေးနေတဲ့သဘောတောင် ဖြစ်နေတဲ့အတွက် ရှောင်ကျူးက အံ့သြသွားခဲ့တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Opowieści tętniące życiem. Odkryj je teraz