ဆယ်မင်းဆက်က သူမဖြစ်စေချင်သော
ဆန္ဒတွေနှင့် သွေဖီမသွားပေ။ မကြာခင်သူမသားက ဆရာဝန်ဖြစ်တော့မည်။ စိတ်မချစရာလည်းမရှိတော့ပါ။ သားအကြီးနှင့်ချွေးမတို့ကလည်း မကြာခင်ကလေးယူဖို့ စီစဥ်နေသည်။ တကယ်တော့ သူမဘဝကပြည့်စုံတာထက်ပိုပါသည်။









ဆယ်မင်းဆက်သည် ကိုကို့တိုက်ခန်းဆီကို အထုတ်များစွာသယ်ကာ ရောက်လာသည်။ ကိုကိုကမနက်ဖြန်ပြန်ရောက်မည်။ စိတ်မကောင်းစွာပဲ မနက်ဖြန်ကကျောင်းဖွင့်ပြန်သည်။ ရည်းစားထားတာနှင့် ကိုယ်ပိုင်ဘဝကို မျှခြေညီအောင်ထိန်းချုပ်နေရတာမျိုးကို သူမကြိုက်ပေ။ သူ့အတွက်တော့ ရည်းစားကဘဝကြီးပဲဖြစ်ချင်သည်။

သို့ပေမဲ့ အရွယ်ရောက်လာကာ ရင့်ကျက်ရဦးမည်။

တိုက်ခန်းတံခါးကိုခပ်မြန်မြန်ဆွဲဖွင့်လိုက်သည်။ ညတာရှည်တာကြောင့် အပြင်ဘက်မှာ အလင်းရောင်လုံးဝမရှိတော့။ မကြာခင် နွေဦးရောက်လာတော့မည်။ ဆယ်မင်းဆက်အကြိုက်ဆုံး ရာသီဥတုကိုရောက်လာတော့မည်။

သူ့အတွက်ကတော့ ကိုကိုရှိနေသမျှကာလတိုင်းက နွေဦးရာသီပဲ။

ဆယ်မင်းဆက်သည် အထုတ်တွေကိုမီးဖိုခန်းထဲတန်းပြီး နေရာချလိုက်သည်။

ထိုစဥ်မှာပဲ အိပ်ခန်းတံခါးဖွင့်သံကိုကြားလိုက်ရသည်။ ဆယ်မင်းဆက်၏ လှုပ်ရှားမှုတွေ ရပ်တန့်ကုန်သည်။ သူ့မျက်နှာပေါ်မှာ အပြုံးကြီးတစ်ခုပေါ်လာသည်။ သူမီးဖိုခန်းထဲကပြေးထွက်လာတော့ ခေါင်းကိုရေသုတ်နေသည့်ကိုကို့ကို တွေ့လိုက်ရသည်။

ကိုကိုက သူ့ကိုပြုံးပြလာသည်။

ထို့နောက် လက်နှစ်ဖက်ကိုဆန့်တန်းလာသည်။

ဆယ်မင်းဆက်သည် ပြေးသွားကာ ကိုကို့ကိုဆွဲဖက်လိုက်သည်။

နွေဦးသည် ဆယ်မင်းဆက်ပခုံးပေါ်မေးတင်ရင်း နောက်ကျောပြင်ကိုဖက်တွယ်ရင်း ပျော်ရွှင်နေတော့သည်။

သူအိမ်ပြန်ရောက်ခဲ့ပြီလေ။

"ဘာလို့မနက်ဖြန်မှပြန်ရောက်မယ်လို့ ညာရတာလဲ"

နွေဦးသည် နောက်တစ်ဖန်Hikayelerin yaşadığı yer. Şimdi keşfedin