ရှောင်းကျန့်က လည်တိုင်ကို အနည်းငယ် ဆန့်ထုတ်လိုက်ပြီး အသင့်ကိုင်ပေးထားတဲ့ စပျစ်သီးကို လှမ်းယူလိုက်တယ်၊ နှုတ်ခမ်းတွေမှာ စပျစ်သီးက အချိုရည်တွေ စွန်းထင်းသွားတယ်၊ သူက စပျစ်သီးကို ပါးလေးတွေ ဖောင်းထွက်လာတဲ့အထိ ထည့်ဝါးနေတယ်၊ နောက်တော့ ခေါင်းတငြိမ့်ငြိမ့် လုပ်နေရင်း ပြောလာတယ်။

"ဒီစာအုပ်ရေးတဲ့လူက ညံ့လိုက်တာ.. စူးစမ်းလေ့လာမှု အားနည်းလွန်းတယ်.. ဒီအပိုင်းမှာဆိုရင် မင်းသမီးက နတ်ဘုရားလိုချောမောတဲ့ ဟယ်ရှန်ကို ရှက်ကိုးရှက်ကန်းနဲ့ မော့ကြည့်လိုက်တယ်.. ဟယ်ရှန်က အထင်အမြင်သေးတဲ့မျက်လုံးနဲ့ သရော်သလိုကြည့်လာပြီး စိတ်ကူးယဉ်မနေစမ်းနဲ့ ဒကာမလို့ ပြန်ပြောတယ်တဲ့ "

ရှောင်းကျန့်က အပျော်ဖတ် စိတ်ကူးယဉ်ဝတ္တုကို လေးလေးနက်နက်ပုံစံနဲ့ ဖတ်ပြလာတော့ ပုယွီမှာ မအောင့်နိုင်ဘဲ ပြုံးမိသွားတယ်၊ ပုဝမ်သူ့ကို စိုက်ကြည့်လာတဲ့အခါမှာတော့ အပြုံးတွေက ချက်ချင်း လွင့်ပြယ်သွားတယ်၊ ပုယွီက မျက်နှာကို ချက်ချင်းပြင်လိုက်ပြီး ငွေပန်းကန်လေးနဲ့ ခံထားပေးရင်း အရှင်ထွေးထုတ်လာမဲ့ စပျစ်သီးစေ့ကို စိတ်ရှည်ရှည်နဲ့ ဆက်စောင့်နေတယ်။

ရှောင်းကျန့်က လက်ဝှေ့ယမ်းကာ ဖယ်ခိုင်းလိုက်ပြီး စာကိုပဲ ဆက်ဖတ်တယ်။

"အကုန်မှားနေတယ်.. စိတ်ကူးတည့်ရာတွေ လျှောက်ရေးနေတာ.. ပန်ကုန်းနဲ့သူက အရပ်တူတူလောက် ရှိတာကိုဖြင့် မသိဘဲ.. ပန်ကုန်းကပဲ မော့ကြည့်တယ် ဖြစ်ရသေး.. နောက်ပြီး အဲဒီဟယ်ရှန်က သူပြောသလို မျက်နှာအမူအယာတွေ လုပ်ဖို့နေနေသာသာ.. ဘယ်လို ပြုံးရမှန်းတောင် သိတာမဟုတ်ဘူး.. ကျွတ်..ကျွတ်..ကျွတ် ဖော်ပြချက်က ချဲ့ကားလွန်းတယ်.. တကယ့်အမှန်တရားကနေ သွေဖယ်လွန်းနေပြီ.. သာမန်အဆင့်ပဲ.. ဖတ်လို့ မကောင်းဘူး"

ပြောပြီးတာနဲ့ ရှောင်းကျန့်က စာအုပ်အဖုံးကို လှန်ကြည့်တယ်။

"ခေါင်းစဉ်ကတော့ လက်ခံလို့ရပါတယ်.. ဟိတ်ဟန်များတဲ့ မင်းသမီးနဲ့ ကြမ်းတမ်းတဲ့ ဟယ်ရှန်တဲ့.. ဆွဲဆောင်မှုရှိတယ် "

အရှင်က ဘာပဲပြောပြော ပုယွီကတော့ အားတက်သရော မထောက်ခံရဲဘူး၊ ခေါင်းလေးပဲ ငြိမ့်ပြလိုက်တယ်၊ ရှောင်းကျန့် ကျေနပ်သွားဟန်နဲ့ လက်ခုပ်တီးလိုက်ပြီး။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now