နေ့စဉ်နေ့တိုင်း လူတွေရဲ့တံတွေးခွက်မှာ ပက်လက်တင်မက မှောက်ရက်ပါမျောနေတဲ့ ပုဂ္ဂိုလ်ကတော့ အခုလက်ရှိမှာ ကျောက်စိမ်းမျှော်စင်ပေါ်က  ဇိမ်ခံထိုင်ခုံရှည်ပေါ်မှာ ခြေထောက် တလှုပ်လှုပ်နဲ့ လဲလျောင်းနေပြီး  အချစ်ဝတ္တုစာအုပ်ထဲမှာ နစ်မျောနေတယ်။

ကျောက်စိမ်းမျှော်စင်က မြို့တော်မှာ အမြင့်ဆုံးနေရာပါ၊ သူက အဋ္ဌဂံပုံစံဖြစ်ပြီး စင်္ကြံအလွှာတိုင်းမှာ အဖြူရောင် ကျောက်စိမ်းလက်ရန်းများနဲ့ ကာရံထားတယ်၊ နံရံတွေမှာတော့ တိမ်လွှာတိမ်တိုက်ပုံများ ထွင်းထုအလှဆင်ထားတယ်၊ အဆောက်အဦးရဲ့အလယ်ဗဟိုမှာ ထိပ်ဆုံးကနေအောက်ထိ တသွင်သွင် စီးကျနေတဲ့ ရေပန်းတစ်ခု ရှိတယ်၊ သူက စကြဝဠာထဲက နဂါးငွေ့တန်း ဂလက်ဆီနဲ့တောင် သွားတူနေတယ်၊ အဆောက်အဦးထဲမှာ ကျောက်စိမ်းရေကန်ကိုပါ ထည့်သွင်း တည်ဆောက်ထားတာကြောင့် ကန်ဘက်ကိုမျက်နှာမူထားတဲ့ ခန်းမဆောင်တွေကို ရေပေါ်အဆောင်တွေလိုမြင်ရတာမို့ သိပ်ကိုခမ်းနားထည်ဝါလွန်းတယ်။

ဒီကျောက်စိမ်းမျှော်စင်က ရှောင်းကျန့်ရဲ့မယ်တော် ကိုယ်လုပ်တော်မိဖုရားအတွက် အောက်မေ့ဖွယ် အမှတ်တရနေရာအဖြစ် ဧကရာဇ်က ဆောက်ပေးထားတာပါ၊ မျှော်စင်ရဲ့အပေါ်ဆုံးထပ်မှာ ကျောက်စိမ်းသားအတိပြီးတဲ့ နတ်ကြိုးကြာတစ်ကောင်ရှိသေးတယ်၊ ကြိုးကြာခေါင်းလှည့်နေတဲ့ဘက်က ဧကရာဇ်သူ့မိဖုရားကို စတွေ့ခဲ့တဲ့အရပ်ကို ညွှန်ပြထားတယ်။

လေးနက်တဲ့ ခံစားမှုများရှိတဲ့ အမှတ်တရနေရာဖြစ်ပေမဲ့ ရှောင်းကျန့်ကတော့ သာမန်အိပ်ဆောင်တစ်ခုလိုပဲ သုံးတယ်၊ လေဝင်လေထွက် ကောင်းအောင် တံခါးအားလုံးကို ဖွင့်ခိုင်းထားပြီး ရေခဲပိုးကူရှင်ပေါ်မှာ လဲလျောင်းအနားယူတယ်၊ ခြေထောက်ကို နတ်ကြိုးကြာကြီးရဲ့တင်ပါးပေါ် လှမ်းတင်ထားပြီး၊ ရေခဲခွက်ထဲမှာတော့ သကာရည်လောင်းထားတဲ့ တုတ်ထိုးသကြားလုံးနှစ်ခုထည့်ကာ အအေးခံခိုင်းထားတယ်။

အောက်မှာ ဒူးထောက်ထိုင်ပြီး ခစားနေတာကတော့ ဖြူနုတဲ့အသားအရေရှိပြီး လှပတဲ့ရံရွေတော်လေးပါ၊ သူက ကြက်သွန်မြိတ်လို သေးသွယ်တဲ့ လက်လေးတွေနဲ့ ရှောင်းကျန့်စားဖို့အတွက် စပျစ်သီးကို ဂရုတစိုက် အခွံခွာပေးနေတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now