"ဘာလို့ မျက်လုံးမဖွင့်ရတာလဲ?"

အရှေ့တည့်တည့်က လာတဲ့အသံက ဟယ်ရှန်ရဲ့နားထဲကနေ ပြန်မထွက်တော့ဘဲ တရားစာ ရွတ်ဖတ်သံလို ထပ်ခါထပ်ခါ ပဲ့တင်ထပ်‌နေတယ်။

ရှောင်းကျန့် အသံထွက် ရယ်လိုက်တယ်။

ဟယ်ရှန်‌တောင်းဆိုတဲ့အတိုင်း နှိပ်စက်နေတာတွေကို ရပ်ပေးလိုက်ပြီ၊ အကာအရံ နောက်ထဲမှာတော့ မကြည့်ရဲလို့ မျက်လုံးပိတ်ထားတဲ့ ဟယ်ရှန်တစ်ပါးရယ်၊ သူရယ်ပဲ ရှိတာ။

ရှောင်းကျန့်က ရေထဲမှာမျောလာတဲ့ ကြက်သွေးရောင် နှင်းဆီပွင့်ချပ်တစ်ခု ဆယ်ယူပြီး ပိတ်ချထားတဲ့ ဟယ်ရှန်ရဲ့ မျက်ခွံပေါ်ကို ငှက်မွေးလေးနဲ့ တို့သလို ဖြည်းဖြည်းချင်း တို့ထိပွတ်သပ်လိုက်တယ်။

"မျက်လုံးဖြင့် မဖွင့်ဘဲ ပန်ကုန်းကို ဘယ်လိုများ ခစားမလို့လဲ သာ့ရှီး"

ပွင့်ချပ်တွေက ရေစိုနေတာကြောင့် ရေနွေးနွေးလေးတစ်စက်က ဟယ်ရှန်ရဲ့မျက်ခွံပေါ်ကနေ ဖြတ်သန်းစီးကျသွားတယ်။

"မသင့်လျော်တဲ့အရာတွေကို မကြည့်ခြင်းအားဖြင့် ကျင့်၀တ်သီလကို မချိုးဖောက်မိအောင် ကာကွယ်ပါ"

သိက္ခာတော်ရ ဟယ်ရှန်ရဲ့ ဣန္ဒြေရရ စကားသံက လေးနက်စွာ ထွက်ပေါ်လာတယ်။

ကျစ်။

မျက်လုံးဖွင့်ကြည့်မှ ရှောင်းကျန့်က ကောင်းကောင်းမွန်မွန် ၀တ်စားထားလား၊ မဝတ်ထားဘူးလား သိမှာမဟုတ်ဘူးလား၊ အခုလက်ရှိ ရှောင်းကျန့်က အဝတ်အစား ပြည့်စုံပါတယ်နော်၊ ပါးတဲ့ရေလဲ၀တ်ရုံဆိုပေမဲ့ ပေါ်ပေါ်လော်လော် ဖြစ်နေတာ တစ်နေရာမှ မရှိတဲ့ဟာ။

နောက်တော့ ရှောင်းကျန့် အတွေးပေါက်ပြီး ရယ်ချင်သွားတယ်၊ ကိုယ့်စိတ်က ဆောင်နေရင်တော့ တွေးမိတွေးရာ ဖြစ်နေမှာပေါ့၊ ဘယ်သူမပြု မိမိမှုပဲ၊ အပေါ်ယံ ဖုံးဖိထားနိုင်လဲ တဏှာနတ်ဆိုးကတော့ နှလုံးသားထဲမှာ နေထိုင်တယ်သတဲ့။

"သာ့ရှီးက မျက်လုံးမဖွင့်ဘဲ ပန်ကုန်းအင်္ကျီ မပါတာ ဘယ်လိုများသိသလဲ?"

ထိုခဏမှာတော့ သိက္ခာတော်ရ ဟယ်ရှန်ရဲ့ စိုထိုင်းနေတဲ့ မျက်တောင်ရှည်တွေက အကြီးအကျယ် တုန်ယင်သွားတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now