ဒါပေမယ့် စိတ်ဆိုးဖို့လည်း မဖြစ်နိုင်ဘူးလေ၊ ထုတ်ပြန်ထားတဲ့ စောင့်ကြည့်ဗီဒီယိုက မိနစ်အနည်းငယ်သာ ကြာပြီး စောင့်ကြည့်ဗီဒီယိုအပြည့်အစုံကိုတော့ သူတို့ရှာမတွေ့ခဲ့ဘူး။

စောင့်ကြည့်ဗီဒီယိုမှာ ပြသထားတာက အန္တရာယ်များလွန်းလှတဲ့ မြင်ကွင်းဆိုတာ ထင်ရှားပေမယ့်လည်း အကြောင်းတစ်ခုခုကြောင့် ဒီဗုဒ္ဓဘာသာဆန်တဲ့တုံ့ပြန်မှုက လူတွေကို နားလည်သဘောပေါက်ဟန် ပြုံး‌သွားစေပြီး ဖြတ်ထိုးဉာဏ်ရှိတဲ့ ဗုဒ္ဓဘာသာစိတ်ထားနဲ့ ကာစတန်မာကို ချီးမွမ်းချင်ရုံသာ ဖြစ်လာစေခဲ့တယ်။

ဒီစောင့်ကြည့်ဗီဒီယိုအပြီးမှာ ပြည်သူ့လုံခြုံရေးဗျူရိုမှာရှိတဲ့ အရာရှိတော်တော်များများက အဲ့ဒါကို တစ်ခုပြီးတစ်ခု ပြန်တင်ကြပြီး ပြန်တင်ရတဲ့ အကြောင်းရင်းက အတူတူပါပဲ။"ယေဘုယျကျကျ ပြောရရင် မင်းက လူသတ်မှုကျူးလွန်ချင်တဲ့ လူတစ်ယောက်မဟုတ်ရင် အသက်တစ်သက်ကို မင်းရဲ့ပခုံးပေါ်  ယူတင်ထားမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းတို့တွေ အန္တရာယ်ကြုံရရင် အတင်းအကြပ်ရင်မဆိုင်မိပါစေနဲ့။ လူဆိုးနဲ့ ထိပ်တိုက်ရင်ဆိုင်တာ မလုပ်ကြပါနဲ့။ဗီဒီယိုထဲမှာ  ဗုဒ္ဓဘာသာစိတ်ထားနဲ့ ကာစတန်မာရဲ့တုံ့ပြန်မှုကနေ မင်းတို့ သင်ယူလို့ရတယ်။ ဒါပေမယ့်လည်း အခြေအနေအတိအကျကို မခွဲခြမ်းစိတ်ဖြာဘဲ မျက်စိစုံမှိတ်ပြီးတော့ လိုက်မလုပ်သင့်ပါဘူး"

ရှောင်ကျူးက အောက်က အင်တာနက်သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုကို ရှာဖွေလိုက်တယ်။

[အသံမပါပေမယ့်လည်း နှုတ်ခမ်းဖတ်တာသင်ထားလို့ ဒီဗုဒ္ဓဘာသာစိတ်ထားနဲ့ ကာစတန်မာက အစပိုင်းမှာ "တာ့ကော" လို့ ခေါ်လိုက်တာကို ငါတွေ့လိုက်တယ်]

[တာ့ကောဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ နာမည်ကောင်းလေးပဲ လူတွေက အဲ့လိုခေါ်တာကို အခေါက်ပေါင်းများစွာ ကြားရရင် သူတို့စိတ်ထဲမှာ သေချာပေါက် ရှက်ရွံ့နေလိမ့်မယ်]

[ဒီဗုဒ္ဓဘာသာဆန်တဲ့မိန်းကလေးက ဖြတ်ထိုးဉာဏ်ရှိတယ် အဲ့ဒီလုံ့လဝီရိယရှိတဲ့သူတွေထက်တော့ အများကြီးပိုကောင်းတယ်]

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now