ဒါပေါ့။ နဉ်ရှီကလည်း စိတ်သဘောထားကောင်းသူမဟုတ်။ ကျင်းယွမ်ဖုန်းကို ထမရိုက်သော်ငြား မျက်နှာထားစရာမရှိအောင် ပြန်ပြောခဲ့သည်.

“ကျွန်မက အမူအကျင့်မကောင်းဘူးဆိုရင်တောင် ရှင်တို့ကျင်းမိသားစုကို ယှဉ်နိုင်ပါ့မလား..” သူမက ခနဲ့တဲ့တဲ့ရယ်ကာ.. “ရှင်တို့ညီအစ်ကိုနှစ်ယောက် ဒီနှစ်တွေမှာ အသိတရားမရှိဘဲ ဘယ်လိုများ အသက်ရှင်ခဲ့တာလဲ..?”

ထိုစကားကြောင့် ကျင်းယွမ်ဖုန်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ အချိုရည်သုတ်နေသည့် သူ၏လက်လည်း ရပ်တန့်သွားသည်။ သူက နဉ်ရှီကို စူးစူးရဲရဲ စိုက်ကြည့်ကာ.. “မစ်နဉ်.. စကားကိုကြည့်ပြော..”

ဒီမိန်းမ ဘာသိထားလို့လဲ..? ဘာလို့ ဒီလိုလေသံမျိုးနဲ့ ပြောနေတာလဲ..? အဲ့နှစ်တုန်းက ဖြစ်ခဲ့တာတွေနဲ့ ချန်ကျန်းကျန်းရဲ့ သတ်သေမှုကို လူတချို့ပဲ သိထားတာပါ။ နဉ်ရှီက ဘယ်လိုလုပ်သိသွားတာလဲ..? ဧကန္တ ချန်းရှီကွေ့က လျှို့ဝှက်ထောက်လှမ်းပြီး နဉ်ရှီကို ပြောပြလိုက်တာများလား..?

ကျင်းယွမ်ဖုန်း၏ မူမမှန်သော မျက်နှာအမူအရာကြောင့် လူတိုင်း သံသယဝင်လာရသည်။ ကျင်းညီအစ်ကိုတွေ ဘယ်လောက်တောင် မကောင်းတာတွေလုပ်ခဲ့လို့ စကားနည်းနည်းပြောလိုက်ရုံနဲ့ အမူအရာပျက်နေရတာလဲ..?

ရပ်ကြည့်နေသည့် ပွဲကြည့်ပရိသတ်ကတော့ စိတ်ကူးပုံဖော်မပျက်။ မိနစ်အပိုင်းအတွင်း ဇာတ်ကြောင်းအစအဆုံး ဖန်တီးပြီးချေပြီ။ သူတို့အားလုံး အတူတူတွေးမိသည့်အချက်ကား ကျင်းညီအစ်ကိုဟာ မုန်းစရာကောင်းသည့် ဗီလိန်ညီအစ်ကို၊ သို့တည်းမဟုတ် ဇာတ်လမ်းတိုင်း၌ လူဆိုးလူယုတ်မာကောင်များ ဖြစ်နေတော့သည်။

“အဟက်..!” နဉ်ရှီက ရယ်မောလိုက်ပြီး ခွက်ကို စားပွဲပေါ်တင်ရင်း မျက်နှာသေဖြင့် ပြန်ဖြေသည်။ “မစ္စတာကျင်း.. ပိုက်ဆံချေးထားရင် အကြွေးပြန်ဆပ်ရတယ်.. သွေးကြွေးဆိုရင် အသက်နဲ့ ပြန်ဆပ်ရမယ်.. ဘာမှညှိနှိုင်းနေစရာမလိုဘူး.. ပြီးတော့..” သူမ၏မျက်နှာပေါ်မှ လှောင်ပြောင်ခနဲ့ဟန်အကြည့်က ပို၍ပြင်းထန်လာ၏။ “ကျင်းမိသားစုနဲ့ ဘာကိစ္စညှိနှိုင်းရဦးမှာလဲ..? ကျွန်မရဲ့ ခင်ပွန်းလောင်းက ချန်းမိသားစုရဲ့ CEO.. ကျွန်မလိုချင်တာမှန်သမျှ အကုန်ရနိုင်တယ်..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now