ဒါက ကြယ်ပွင့်ငယ်လေးတွေနဲ့ နာမည်ကြီး စူပါစတားတွေကြားက ခြားနားချက်ဖြစ်တယ်။

နာမည်ကြီးကြယ်ပွင့်တစ်ယောက်ကလည်း အလုပ်ကြိုးစားရမှာဖြစ်ပြီး အခုလက်ရှိ သူမလောက် သူတို့က သက်တောင့်သက်သာမနေကြရဘူး။

ဇာတ်ကားနာမည်ကြီးလာပြီးနောက်မှာတော့ သူမဆီကို ကြော်ငြာတွေ အများကြီးရောက်လာခဲ့တယ်။

ကုမျန်က သူမရဲ့လက်ရှိအခြေအနေကို အရမ်း ကျေနပ်နေတယ်။ သူမ အရမ်းကြီးမတောင်းဆိုပါဘူး။ သူမ ရတဲ့လစာက သူမကိုယ်သူမ ထောက်ပံ့ဖို့ လုံလောက်တယ်။ သူမက ဘစ်ရှော့တစ်ယောက်မဟုတ်သလို စနေ၊တနင်္ဂနွေကလွဲပြီး ကြားရက်တွေမှာ အလုပ်သိပ်မများတာကြောင့် သူမသဘောကျတဲ့အရာတွေလုပ်ဖို့ အားလပ်ချိန်တွေ အများကြီးရှိတယ် ။ ဒီလိုဘဝမျိုးက အရမ်းကိုကောင်းနေပြီ။

ကုမျန်က ဖုန်းကိုဖွင့်လိုက်တော့ လော့ချယ်က သူ့အချိန်ဇယားကို သူမဆီပို့ထားကြောင်း မမျှော်လင့်ဘဲ တွေ့ရှိခဲ့တယ်။

ဒါက ချစ်သူကောင်လေးက သူဘယ်ဆီဘယ်၀ယ် ရောက်နေတယ်ဆိုတာကို သူ့ရဲ့ချစ်သူကောင်မလေးဆီ သတင်းပို့လိုက်တယ်ဆိုတာမျိုးလား။

အမျိုးသားဇာတ်ဆောင်က အရမ်းအလေးအနက်ထားပေမယ့် သူမကတော့ ကောင်းမွန်တဲ့ ချစ်သူကောင်မလေးအဖြစ်နေထိုင်ဖို့ အသိစိတ်မရှိခဲ့တဲ့အတွက် ကုမျန်ရှက်ရွံ့မိသွားတယ်။သူပို့လာတာကိုမြင်ပြီးနောက်မှာ ကုမျန်က တိတ်တဆိတ် သက်ပြင်းချလိုက်တယ်။

သူမက လော့ချယ်ရဲ့မိဘတွေနဲ့တွေ့ဆုံဖို့ နောက်ထပ်ရက်အနည်းငယ်လောက် ပျော်ပျော်ရွှင်ရွှင်ကြီး စောင့်နိုင်ပါတယ်လေ။

ကုမျန်နဲ့ရှောင်ကျူးက နေ့လယ်စာအတူတူစားဖို့ အောက်ထပ်ဆင်းလာခဲ့ကြတယ်။

သူမက Weibo ပေါ်မှာ အကြိမ်ပေါင်းများစွာ trending၀င်ခဲ့တယ်‌။ အခုထိ အရမ်းမကျော်ကြားလာသေးပေမယ့်လည်း သူမအပြင်သွားတိုင်း ဦးထုပ်၊ နေကာမျက်မှန် နဲ့ Mask တွေ ၀တ်ထားဖို့ လိုအပ်နေဆဲပင်။အဲ့ဒါကြောင့်နဲ့ပဲ ကုမျန်ရဲ့လက်ရှိနေ့စဉ်ဘဝကို မထိခိုက်သွားဘူး။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now