"ဘာလို့လဲ"

ဝေ့တရွှင်းက ပြန်မေးလေသည်။

ရဲ့လင်းချန်က အလုပ်များနေသော ဟွမ်လေ့နှင့် ဟယ်ကျားကို လက်ညှိုးထိုးပြပြီး ပြုံး၍ ပြောလိုက်သည်။

"သူတို့ နှစ်ယောက်က နေ့လယ်စာအတွက် ပြင်ဆင်ရင်း အလုပ်များနေတာ၊ ကျွန်တော်တို့ သုံးယောက်ကလည်း ငါးဖမ်းပြီး ပြန်လာကာစပဲ ရှိသေးတယ်၊ ခင်ဗျားက ဘာလုပ်နေတာလဲ"

ဝေ့တရွှင်းသည် တစ်ခဏမျှ ငိုင်တွေသွားသည်။

"ငါ ... ငါ စားဖို့ တာဝန်ယူထားတယ်လေ"

"ခစ်ခစ် ... ဟားဟားဟား ..."

ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့ နှစ်ယောက်လုံး ရယ်မောလိုက်ကြသည်။

"စားဖို့ တာဝန်ယူထားတယ် ဟုတ်လား၊ ကျွန်တော် ဒါကို ပထမဆုံး ကန့်ကွက်ရမှာပဲ"

ထို့နောက် ရဲ့လင်းချန်က အားလုံးကို ပြောလိုက်သည်။

"ခင်ဗျားတို့ သူ စားဖို့ တာဝန်ယူထားတာကို သဘောတူလား"

"မတူဘူး"

ကျောက်လျန့်ရင်က နည်းနည်းလေးမှ မတွေးဘဲ ကန့်ကွက်သည်။

"ငါလည်း သဘောမတူဘူး"

ဟူယွဲ့အာက ခပ်သွက်သွက် ဝင်ပြောသည်။

"ဆရာဟယ်၊ ဖေဖေကြီး ဟွမ် ..."

ဝေ့တရွှင်းက ဟွမ်လေ့နှင့် ဟယ်ကျားအား သနားကမားဟန်ဖြင့် ကြည့်လိုက်သည်။

"တရွှင်း၊ ဒီတစ်ခါတော့ ဖေဖေကြီးဟွမ် မင်းကို မကူညီနိုင်ဘူး၊ ဒါ ဘဝ၏ ရုန်းကန်ခြင်းလေ၊ မင်း ဘာမှမလုပ်ရင် တကယ်ကို ဘာမှစားရမှာ မဟုတ်ဘူး"

ဟွမ်လေ့က ပြုံးနေသည်။

ရဲ့လင်းချန်က ထရပ်၍ ကြံရာမရ ဖြစ်နေသော ဝေ့တရွှင်းကို လှမ်းခေါ်သည်။

"ခင်ဗျား စားချင်တယ်ဆိုရင် မြန်မြန် အလုပ်လာလုပ်လေ"

"အင်း"

ဝေ့တရွှင်း ပြန်တုံ့ပြန်ပြီးမှ မေးလိုက်သည်။

"ငါတို့ ဘာလုပ်ကြမလဲ ရဲ့နတ်ဘုရား"

"ထင်းခွဲမယ်"

"ထင်းခွဲမယ် ဟုတ်လား"

ဝေ့တရွှင်းက ထင်းပုံနားသို့ လျှောက်သွားသည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now