ကုမျန်က လော့ချယ်နဲ့ ပန်းကန်ခွက်ယောက်တွေကို ရှင်းလင်းနေပြီး ခေါင်းမမော့လာဘဲ "အိုး"

ရှောင်ကျူးအံ့သြသွားရတယ်။ "အိုးပဲလား...?"

ဒါပဲလား?သူမရဲ့ တုံ့ပြန်မှုက အရမ်းသိမ်မွေ့လွန်းတယ်။

ကုမျန်က အသံခပ်သဲ့သဲ့ပေးလိုက်တယ်။

သူမက သုံးရက်တစ်ကြိမ်လောက် hot search‌ ပေါ်ရောက်နေပြီး hot search physique လိုမျိုး အဲ့လိုတွေဖြစ်နေတတ်တာကြာပြီ။

ရှောင်ကျူးက ကုမျန်နဲ့လော့ချယ်တို့ အတူတူ သီချင်းဆိုနေတဲ့ ဗီဒီယိုကို တိုက်ရိုက်ပြလိုက်တယ်။

"Ask the Immortal" သီချင်းက အခန်းထဲ ထွက်ပေါ်လာတယ်။

လော့ချယ်ရဲ့ဆွဲဆောင်မှုရှိတဲ့ အနိမ့်သံနဲ့အတူ ကုမျန်ရဲ့သိမ်‌မွေ့နူးညံ့လှတဲ့အသံတို့ပါ၀င်တဲ့ နားထဲတရစ်ဝဲဝဲကြားနေရစေတဲ့ တီးလုံးက ဒီသီချင်းကို အထူးကို ဆွတ်ပျံ့ဖွယ်ရာကောင်းစေတယ်။

ဒါက ပထမဆုံးအကြိမ်အဖြစ် ဖုန်းထဲကနေ သူမနဲ့လော့ချယ်ရဲ့အသံကို ကြားရတာပဲ။ သီချင်းကို နားထောင်ပြီးနောက် သူမတို့ရဲ့အသံတွေက နာမည်ကြီးအဆိုတော်တွေထက်တော့ မဆိုးနေပါဘူးလို့ ခံစားရတယ်။

သိသိသာသာကို သူမက စတူဒီယိုထဲမှာ လော့ချယ်နဲ့တစ်ကြိမ်သာ သီဆိုခဲ့ရပြီး ဒုတိယ အကြိမ်ကတော့ စင်မြင့်ပေါ်တွင်ဖြစ်တယ် ။

သူမတို့ မမျှော်လင့်ဘဲ နားလည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလား။

ရှောင်ကျူးက "အင်တာနက်ပေါ်က မှတ်ချက်တွေက အရမ်းကောင်းတယ်၊ နင့်မှာ ကောင်းမွန်တဲ့ သရုပ်ဆောင်စွမ်းရည်ရှိရုံသာမက သီချင်းလည်း ကောင်းကောင်းဆိုနိုင်တယ်လို့ ပြောနေကြတယ်"

ကုမျန်က သူမသီချင်းကောင်းကောင်းဆိုခဲ့မှန်းသိတယ်။အရင်က တခါမှမသီဆိုခဲ့ဖူးပေမယ့်လည်း သီချင်းဘယ်လိုဆိုရမလဲ‌‌တော့ သိပါတယ်။ဒါပေမယ့် သူမရဲ့သရုပ်ဆောင်စွမ်းရည်က ကောင်းတယ်လို့ အင်တာနက်အသုံးပြုသူတွေ မှတ်ချက်ပေးတဲ့အခါမှာတော့ အဲ့ဒါကိုဝန်မခံရဲဘူး။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now