"အင်း"
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
"ငါ သူ့ကို ကူညီဖူးတယ်"
"ဖျားတာကို ကုပေးတာ၊ အရင်က ငါ ဖျားနေတာကို သူ ကုပေးဖူးတယ်"
ဟူယွဲ့အာက ချက်ချင်း သူ့စကားကို ဖြတ်ပြောပြီး မသိမသာ ရှက်သွေးဖြာသွားသည်။ သူမက သူ့ကို ဒေါသ ထွက်သော အကြည့်ဖြင့်ကြည့်၍ သတိပေးလေသည်။
"ဖျားတာ၊ ဘယ်လိုဖျားတာလဲ"
ဟွမ်လေ့က စပ်စပ်စုစု မေးလာသည်။
"သာမန် အအေးမိတာလေးပါ"
ဟူယွဲ့အာက ခပ်သွက်သွက် ဆင်ခြေပေးလေသည်။ ထိုကိစ္စများ ထုတ်ပြောသည်ကို သူမ ဘယ်လိုလုပ် ခံနိုင်ပါ မည်နည်း။
[တစ်ခုခုတော့ မှားနေပြီ၊ သူတို့ကြားမှာ သေချာပေါက် တစ်ခုခု ဖြစ်ခဲ့တာပဲ]
[ငါ့မျက်လုံးတွေက ငါ့ကို လှည့်စားနေတာလား၊ ဟူယွဲ့အာ ရှက်နေတာလား]
[ဟူယွဲ့အာက အေးစက်ပြီး မာနကြီးတယ်လို့ နာမည်ကြီးတယ်၊ သူက ရှက်နေတယ်ဆိုတော့ သေချာပေါက် တစ်ခုခု ကြီးကြီးမားမား ဖြစ်ခဲ့တာပဲ]
[သူက သူ့ကို ကူညီဖူးတယ် ဟုတ်လား၊ သူက ဘယ်လိုမျိုးကို ကူညီခဲ့တာလဲဆိုတာ ဘယ်သူ ပြောနိုင်လဲ]
[အပေါ်ကလူတွေ၊ မင်းတို့ အမှန်ကို မသိတာ ပိုကောင်းတယ်လို့ ငါ ထင်တယ်]
...
"ရဲ့နတ်ဘုရားက လူတွေကို ဘယ်လို ကုရမလဲ သိတာလား"
ဟူယွဲ့အာ စကားလမ်းကြောင်း ပြောင်းရန် ကြိုးစားနေသည်ကို မြင်ပြီး နားလည်မှုရှိသော ဟယ်ကျားက သူမအတွက် စကားလမ်းကြောင်း ပြောင်းပေးရန် ဆုံးဖြတ်လိုက်သည်။
"သူ သိတယ်၊ အရင်တုန်းက ကျွန်မ အစာစားချင်စိတ် မရှိတဲ့ ရောဂါကို ခံစားခဲ့ရတယ်၊ သူက ကျွန်မကို အဲ့ရောဂါ ပျောက်သွားအောင် လုပ်ပေးခဲ့တာလေ"
ကျောက်လျန့်ရင်က ဝင်ပြောသည်။
"ဝါး ... အံ့ဩစရာပဲ"
ဟွမ်လေ့ အထင်ကြီးသွားသည်။
ကျောက်လျန့်ရင်၏ အစာမစားချင်သော ရောဂါက လျှို့ဝှက်ချက် မဟုတ်ပါ။ အနုပညာလောက အတွင်းရော အပြင်မှာပါ သိထားကြသည်။ ကျောက်လျန့်ရင်သည်လည်း အတော်လေး ကိုယ်အလေးချိန် ကျသွားခဲ့သည်။ ထို့ကြောင့် သူမသည် သူမ၏ စိတ်ဖိစီးမှုကို လျှော့ချနိုင်ရန် မျှော်လင့်ပြီး သူမ ပြန်လည် သက်သာလာခြင်းကို ကူညီနိုင်ရန် ဘဝ၏ ရုန်းကန်ခြင်းတွင် ပူးပေါင်း ပါဝင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
![](https://img.wattpad.com/cover/357459322-288-k577202.jpg)
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️
Chapter 405
Start from the beginning