[လာပြီ၊ လာပြီ၊ ပွဲက စတော့မယ်]

[ငါ မစောင့်နိုင်တော့ဘူး၊ နောက်ဆုံးတော့ ဒီလိုနေ့ကို ရောက်လာပြီပဲ]

[ဒါကနေ ဘယ်လို ရန်ပွဲမျိုး ဖြစ်လာမလဲ ငါ သိချင်လိုက်တာ၊ အပိုမပြောတော့ဘူးကွာ၊ လုပ်လိုက်တော့]

[တိုက်ရိုက်ပွဲက စတော့မယ်၊ အားလုံး အသင့်ပြင်ထားကြ]

ထုတ်လွှင့်ရေးထဲမှ မှတ်ချက်များသည် ထိန်းမနိုင်သိမ်းမရ ဖြစ်နေလေသည်။ ကြည့်ရှုသူ တော်တော်များများသည် ထိုင်ခုံ၌ နေရာပြင်၍ သူတို့ ဖန်သားပြင်ပေါ်မှ အစီအစဉ်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

ဟူယွဲ့အာ အချိန်ဆွဲမနေဘဲ ချက်ချင်း ရဲ့လင်းချန်ထံ လျှောက်သွားလေသည်။ သူမသည် ရဲ့လင်းချန်ကို စူးစိုက် ကြည့်နေပြီး ရင်ထဲ၌ ဒေါသများ စုဝေးလာသည်။

*သူကများ ငါ့ကို စနောက်ပြီးတော့ ဘာမှမဖြစ်သလို ထိုင်ပြီး လက်ဘက်ရည် သောက်နေရဲတယ်ပေါ့လေ၊ အဲ့ဒီ လွတ်လပ်ပေါ့ပါးတဲ့ အမူအရာ၊ သေလိုက်ပါတော့လား ... ငါ လက်တုံ့မှမပြန်ရရင် ဟူယွဲ့အာဆိုတဲ့ ငါ့နာမည်ကို ပြောင်းပြန် လှန်ပစ်လိုက်မယ်*

မကြာခင်မှာပင် သူမ ရှုခင်းကြည့်သည့် တဲအိမ်လေးသို့ ရောက်သွားလေသည်။ ထိုအခါ သူမ မျက်လုံးပြူး သွားလေသည်။

"ရှင် ... ဘာလို့ ရှင် ဖြစ်နေတာလဲ"

ရဲ့လင်းချန်၏ မျက်နှာကို မြင်သောအခါ ဟူယွဲ့အာ အကြီးအကျယ် တုန်လှုပ်သွားသည်။ သူမ ပြင်ဆင်ထားသော စကားလုံးများအားလုံးက လည်ချောင်းမှာပင် တစ်ဆို့သွားပြီး ထုတ်မပြောနိုင်တော့ပါ။

"အာ ... မင်းပါလား"

ရဲ့လင်းချန်သည်လည်း အနည်းငယ် အံ့ဩသွားသည်။ ဤမိန်းကလေးသည် သူစိမ်းတစ်ယောက် မဟုတ်ပါ။ အစောပိုင်းက လေယာဉ်ပေါ်၌ သူ‌ တွေ့ခဲ့သည့် သူမကိုယ်သူ ထုတ်ပိုးမတတ် ဝတ်စားထားသည့် အနုပညာရှင် ဖြစ်လေသည်။

"ငါလည်း အနုပညာရှင်ပါလို့ မင်းကို ပြောခဲ့သားပဲ၊ ဘယ်လိုလဲ၊ ငါ လိမ်နေတာ မဟုတ်ဘူးမလား"

"ရှင်တို့က အချင်းချင်း သိနေတာလား"

ကျောက်လျန့်ရင်က သူတို့ နှစ်ယောက်လုံးကို အံ့ဩတကြီး ကြည့်နေသည်။ ဟူယွဲ့အာ၏ အမူအရာအရ သူမတို့ နှစ်ယောက်ကြားထဲ တစ်ခုခု ဖြစ်ခဲ့မှန်း သိသာပေသည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now