"ဟုတ်တယ်... အဲဒါသူတို့ပဲ။ ဟော်စစ်က ကျောင်းမီနီရဲ့ အချက်အပြုတ်ကို မကြိုက်လို့ သူမ ချက်ကျွေးတာတွေကို ဆက်မစားတော့ဖို့ ငြင်းနေတာ..."

"ဟားဟား... အဲဒါက သေချာပေါက် ဟော်စစ် လုပ်တတ်တဲ့ ထိုကိစ္စပဲလေ..." အမျိုးသမီးအန်းငည် သူမ၏ပါးစပ်ကို လက်ဖြင့်အုပ်လိုက်၍ ရယ်မောလိုက်တော့သည်။ သူမ၏ နံဘေးတွင်ရှိနေသော အန်းရှသည် နှစ်ဦးသား၏ စကားများကို ကြားလိုက်ရသောအခါ သူမ၏ စိတ်ထဲတွင် ပိုမို၍ သေချာသွားတော့သည်။ ဟော်စစ်သည် အမှန်တကယ်ကို ပေါင်းသင်းရန် မလွယ်ကူမည့် အနုပညာရှင်တစ်ဦး ဖြစ်သည်ဟူ၍။

သူမသည် ထိုသူနှင့် ဝေးဝေးမှာနေမှ ဖြစ်တော့မည်။

သူတို့စကားပြောနေကြစဉ် အလွန်အမင်း ပျော်ရွှင်နေသော ကျောင်းချန်သည် အနုပညာရှင် ငါးဦးအတွက် အကြံအစည်အသစ် တစ်ခုကို စဉ်းစားမိသွားလေသည်။

လင်မယားအန်းကို နှုတ်ဆက်ပြီးနောက် ပြင်ဆင်မှုများ ပြုလုပ်နေသော နည်းပြဖြစ်သူကို မြင်လိုက်ရလေသည်။

သူတို့နှစ်ဦးသည် အချိန်တစ်ခဏမျှကြာအောင် တီးတိုးပြောဆိုနေကြပြီးနောက် သူတို့၏ မျက်နှာပေါ်တွင် အပြုံးရိပ်များ သန်းသွားလေတော့သည်။

ထို့နောက် ရိုက်ကူးရေးတစ်ဖွဲ့သားလုံးသည် ပဟေဠိဆန်စွာ ပြုံးနေကြတော့လေသည်။

အနုပညာရှင်ငါးဦးသည် ဥယျာဉ်ကြီး၏ အလယ်သို့ ရောက်ရှိလာကြသောအခါ ရိုက်ကူးရေးအဖွဲ့သားများ၏ ကြင်နာစွာ ပြုံးပြနေမှုများနှင့် ရင်ဆိုင်လိုက်ရတော့သည်။

"ဟင်... ဘာတွေလဲဟ..."

"ငါ့အထင်တော့ ဒီလူတွေက တစ်ခုခု ထူးဆန်းတာတွေ ကြံစည်တော့မယ်ထင်တယ်..."

"အရမ်းထူးဆန်းတယ်... သူတို့ မကောင်းတာတစ်ခုခု လုပ်တော့မယ်လို့ အာရုံရနေတယ်..."

အနုပညာရှင်ငါးဦးသည် ထိုသူများ ပြုံးရယ်ပြနေသောကြောင့် အနည်းငယ် တုန်လှုပ်မိလေသည်။ အဖွဲ့သားများသည် သေချာပေါက် မကောင်းသော အကြံအစည်တစ်ခုခုကို တွေးတောထားပုံရလေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။حيث تعيش القصص. اكتشف الآن