နောက်ဆုံးမှာတော့ လော့ချယ်ရဲ့ ပရိသတ်တွေက မကောင်းသတင်းနဲ့ကျော်ကြားတဲ့ မနာလိုဖြစ်တတ်သူတွေပါ။ Public duetမှာ လော့ချယ်နဲ့ သရုပ်ဆောင်မင်းသမီးက တစ်ယောက်နဲ့တစ်ယောက် မကြည့်ခဲ့ကြဘူး။ သူတို့ မပျော်ရွှင်သင့်ဘူးလား။

ကုမျန်ရဲ့နှလုံးသားထဲမှာတော့ အပြောင်းအလဲမရှိသွားခဲ့ပေ။

ဘာမှကိုမဖြစ်တာ။

ဒုတိယအကြိမ်မြောက် road showအပြီးမှာ ရိုက်ကူးရေးအဖွဲ့က ညစာစားပွဲစီစဉ်ပေးတယ်။ ကုမျန်က ဒီလိုဖျော်ဖြေမှုမျိုးကို သိပ်စိတ်မဝင်စားတဲ့အတွက် သွားဖို့ အစီအစဉ်မရှိဘူး။

သူမနဲ့ရှောင်ကျူး နှစ်ယောက်စလုံးက အနားယူဖို့ ဟိုတယ်ကို စောစောပြန်ချင်ကြတယ်။

သူမတို့ရဲ့အမြင်အရတော့ ညစာစားပွဲမှာ ဝိုင်သောက်နေရတာထက် အသင့်စား‌ခေါက်ဆွဲပြုတ် စားရတာလေးကတောင် ပိုကောင်းသေးတယ်။

ကုမျန်နဲ့ရှောင်ကျူးတို့ celebrity meeting ကျင်းပပွဲရဲ့ တံခါးငယ်လေးဆီ လျှောက်သွားလိုက်တာနဲ့ မိုးဖွဲဖွဲလေး စကျလာတော့တယ်။

မြောက်ဘက်ပိုင်းက ဆောင်းရာသီက အမြဲစောလေ့ရှိတယ်။

ကုမျန်ရော ရှောင်ကျူးရော တစ်ယောက်မှ ထီးပါမလာကြဘူး။ မိုးက သည်းသည်းထန်ထန်ရွာနေပြီး မိုးရေထဲမှာ နှင်းပွင့်အချို့ပါလာတယ်။ အေးစက်စက်လေပြင်းတစ်သုတ် တိုက်ခတ်လာပြီး ရှောင်ကျူးက ခိုက်ခိုက်တုန်သွားတော့တယ်။

သူမက ထူထဲတဲ့အဝတ်အစားတွေ ၀တ်ဆင်ထားပြီး အပြုအမူကို သိပ်ဂရုမစိုက်နေတဲ့ ကုမျန်ကို တစ်ချက်ကြည့်လိုက်တယ်။ ကောင်မလေး(ကုမျန်)က ကုတ်အင်္ကျီထဲမှာ သူမရဲ့ခေါင်းကို ဝှက်ထားလုနီးပါးပင်။ သူမက မနာလိုစွာနဲ့ စကားမပြောပဲမနေနိုင်ခဲ့ဘူး။ “မျန်းမျန်၊ နင်က အမြော်အမြင်ရှိတယ် အဝတ်ထူထူဝတ်ရမယ်ဆိုတာ သိတယ်"

‌ကုမျန်က သူမရဲ့လည်ပင်းမှာပတ်ထားတဲ့ ပဝါထူထူကို ရှောင်ကျုးကိုပေးလိုက်ပြီး "ဒါကို ခြုံထားလိုက်"

ရှောင်ကျူးက သူမကို ကျေးဇူးတင်မိသွားပြီး လေးတွဲ့စွာ ပြောလိုက်တယ်။"မျန်းမျန်၊ နင်က အကောင်းဆုံးပဲဆိုတာ ငါသိသားပဲ"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Opowieści tętniące życiem. Odkryj je teraz