ကုမျန် ဖျော်ဖြေရေးလောကထဲကို ဝင်ရောက်ခဲ့ပြီးနောက် ၀မ့်ရှားက သူမ(၀မ့်ရှား)ရဲ့ ပရိသတ်တွေကို တမင်တကာဆူပူကျိန်ဆဲဖို့ လှုံ့ဆော်တာတွေနဲ့ တွေ့ကြုံခဲ့ရတယ်၊ အင်တာနက်သုံးစွဲသူတွေရဲ့ လိုက်လံရှာဖွေတာကိုလည်း ခံခဲ့ရပြီး အခြားသူတွေရဲ့ ခြိမ်းခြောက်မှုတွေကိုတောင် ကြုံတွေ့ခဲ့ရတယ်။သူမဘဝရဲ့ အတက်အကျတွေကို ခံစားလိုက်ရပြီးနောက်၊ ကုမျန်က သူမရဲ့စိတ်အခြေအနေ ပိုမိုတည်ငြိမ်လာတာကို တွေ့ရှိခဲ့တယ်။

လူအိုကြီးသာသိရင် နှလုံးသားအေးစက်တယ်လို့ သူမကို ကြိမ်းမောင်းလိမ့်မယ်။ ဒါပေမယ့် ဒီလို ဗုဒ္ဓဘာသာစိတ်ထားမျိုးဟာ မွေးရာပါ ဖြစ်ကောင်းဖြစ်နိုင်ပြီး ပြောင်းလဲဖို့ သူမတခါမှ မတွေးဖူးဘူး။

နှစ်ယောက်သား မတ်တပ်ထရပ်လိုက်တာနဲ့ တပြိုင်နက် ပရိသတ်ရဲ့အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။

သူမတို့ကြားက အကွာအဝေးက တစ်မီတာထက်ပိုတယ်၊ အရမ်းမနီးဘဲ အနေအထားမှန်ကန်တယ်။

"Ask the Immortal" climaxအပိုင်းရဲ့ ဂီတသံ ထွက်ပေါ်လာတယ်။ ကုမျန်က အသံသွင်းစတူဒီယိုထဲမှာ ရှိနေသလိုမျိုး မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်တယ်။

သူမနားထဲရှိနေတဲ့ ဆူညံသံအမျိုးမျိုးက လှိုင်းလုံးလို မှိန်ဖျော့သွားပြီး သူမက အခုအချိန်မှာ သီချင်းသံကိုသာ ကြားရတော့တယ်။

သူမက တွဲဖက်နဲ့အတူ သီချင်းစဆိုလိုက်တယ်။

စာကြောင်းနှစ်ကြောင်းကို သီဆိုပြီးနောက်၊ ကုမျန်က အသံသွင်းစတူဒီယိုထဲမှာ ဖြစ်ပျက်ခဲဲ့တဲ့အရာကို သတိရသွားတယ်။

အဲဒီတုန်းက သူမတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ခဲ့ကြတယ်လေ။ သူမတို့ အဲ့ဒီအချိန်တုန်းကလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ပြန်ကြည့်ရမှာမလား?။

ဒါကိုတွေးပြီး ကုမျန်က ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး သူမရဲ့မျက်၀န်းတွေက လော့ချယ်ရဲ့ အကြည့်တွေနဲ့ ချိတ်ဆက်လိုက်တယ်။

တစ်စက္ကန့် နှစ်စက္ကန့်...

ကံမကောင်းစွာနဲ့ လော့ချယ်က သူမရဲ့အကြည့်ကို လက်ခံရရှိပုံမပေါ်ဘဲ သူမတို့နှစ်ဦးကြားမှ ဆက်သွယ်မှုက မအောင်မြင်ခဲ့ဘူး။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Dove le storie prendono vita. Scoprilo ora