လော့ချယ်က နံရံကိုမှီရပ်နေရာကနေ ဖြည်းဖြည်းချင်း မတ်မတ်ပြန်ရပ်လိုက်တယ်။

သူက မေးလာခဲ့တယ်။"မနက်စာသွားစားဖို့လား"

မနေ့ညက သူမတို့ဝယ်ခဲ့တဲ့ညစာက လွှင့်ပစ်ခံလိုက်ရပြီး သူမ လုံးဝမစားခဲ့ရဘူး။ ဒါကြောင့် တစ်ညကုန်လွန်ပြီးနောက်မှာတော့ ကုမျန်နည်းနည်းဗိုက်ဆာနေပြီ။

ကုမျန်က ခေါင်းညိတ်ပြလိုက်တယ်။

လော့ချယ်က ရှုပ်ပွနေတဲ့ဆံပင်တွေကို ဖြီးသင်လိုက်ရင်း "ကိုယ့်ကိုစောင့်ဦး"

သူက သူ့အခန်းကို ပြန်သွားတယ်။ ဆယ်မိနစ်လောက်ကြာပြီးနောက် လော့ချယ်ပြန်ပေါ်လာတယ်။

အခန်းကိုပြန်သွားပြီးနောက် သူအလျင်အမြန်ရေချိုးလာခဲ့တယ်။ သူ့ရဲ့အနက်ရောင်ဆံပင်က ရေစိုနေသေးပြီး မုတ်ဆိတ်မွေးငုတ်တိုတွေကိုလည်း ရိတ်ထားတယ်။ သူလမ်းလျှောက်လာတဲ့အချိန် လတ်ဆတ်တဲ့ ရေချိုးဂျယ်နှင့် မုတ်ဆိတ်ရိတ်ထားတဲ့အနံ့ကိုတောင် ရနေသေးဆဲပင်။

ပင်ပန်းနွမ်းနယ်မှုတွေကတော့ သူ့မျက်နှာကနေ ပျောက်သွားပြီ။ ကင်မရာထဲမှာ အချိန်မရွေးပေါ်လာလို့ရသလိုမျိုး သူ့မျက်လုံးတွေက ကြည်လင်နေတယ်၊ သူ့အဝတ်အစားတွေကလည်း သပ်ရပ်တယ်၊။သူတစ်ညလုံး မအိပ်ထားရဘူးဆိုတာကို သူမ,မပြောနိုင်ဘူး။

"မနက်စာ သွားစားရအောင်"

ကုမျန်က စိုနေသေးတဲ့ ဆံပင်တွေကို လက်ညှိုးထိုးပြပြီး "ဆံပင်ခြောက်အောင် မှုတ်စရာမလိုဘူးလား"

လော့ချယ်က "ကိုယ့်ဆံပင်က တိုတော့ မြန်မြန်ခြောက်တယ်"

သူမတို့ ဓာတ်လှေကားထဲကို ဝင်လိုက်ကြတယ်။ လော့ချယ်က ဦးထုပ်၊ မျက်မှန် ဒါမှမဟုတ် မျက်နှာဖုံးပင် မ၀တ်ထားခဲ့ဘဲ ထင်ရှားပြတ်သားတဲ့အနားသတ်နဲ့အတူ ချောမောခန့်ညားတဲ့မျက်နှာကို ဖော်ပြထားတယ်။

သူမ မေးလိုက်ရတယ်။"ရှင် ဖုံးကွယ်ထားဖို့ လုံး၀မလိုဘူးလား"

သူမက ဆယ်လီဘရစ်တီတစ်ယောက်ဖြစ်ရခြင်းရဲ့ အသိမရှိသေးပေမယ့်လည်း ပုံမှန်ဆို စူပါစတားတွေက နေရာတွေကို ရုပ်ဖျက်ပြီးမှ အမြဲသွားလေ့ရှိကြတယ်မဟုတ်ဘူးလား။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now