သေလောက်အောင်ပျင်းနေကြသော အင်တာနက်သုံးစွဲသူတချို့က ထိုလူများ၏နောက်ခံကို စစ်ဆေးကြည့်ရာ အံ့အားသင့်ထိတ်လန့်သွားကြရ၏။ သူတို့အားလုံးက ဂုဏ်သရေရှိမိသားစုများမှ လူချမ်းသာသခင်လေး၊ သခင်မလေးများပင်!

ချောင်မန်၊ ပိုင်လုနှင့်ကျင်းချန် ကဲ့သို့သော နာမည်များနှင့် ဤလူတွေက အနုပညာလောကရှိလူများပင် လေးလေးစားစား ဆက်ဆံပေးရမည့်‌သူတွေပင်။ သို့သော်ငြား ယခုချိန်တွင် သူတို့အားလုံးက ရှေ့ထွက်ပြီး ထိုစုံတွဲအပေါ် ရက်ရက်ရောရောကြီး ဆုမွန်ကောင်းတောင်းလာကြသည်၊ ဤသည်က မည်သည်ကို ဖော်ညွှန်းနေသနည်း?

‌ဤအခြင်းအရာက နဉ်ရှီဟာ သူတို့၏လူမှုအသိုင်းအဝိုင်းတွင် ကောင်းစွာသဘောကျခံနေရပြီး သူတို့နှင့်အဆင်ပြေနေလောက်ကြောင်း ဖော်ညွှန်းနေ၏။

ဤသည်မှာ လူတစ်ယောက်က သူ၏ဘဝကို ကောင်းမွန်စွာဖြတ်သန်းရှင်သန်နေသည့်ကိစ္စပင်။ လူတွေက သူမ၏ဂုဏ်သတင်းကို မည်မျှပင် ညှိုးနွမ်းစေပြီး ဝေဖန်ရှုတ်ချနေကြပါ‌စေ သူမ၏ချစ်သူကောင်လေးကတော့ နားထောင်ရန် ငြင်းဆန်နေမည်သာ။ သူက အဲ့ဒီကောလာဟလတွေကို လျစ်လျူရှုထားရုံတင်မက နဉ်ရှီအတွက် သူ၏ယုံကြည်မှုနှင့်အချစ်ကို ပြသရန် လက်ထပ်ခွင့်ပင်တောင်းပြလိုက်သေးသည်။

အင်တာနက်သုံးစွဲသူတို့မှာ ချန်းရှီကွေ့၏လုပ်ရပ်ကြောင့် ကြောင်အမ်းအမ်းဖြစ်ကုန်ကြသည်။ သုံးဆယ်မိနစ်ဆိုသည့် အချိန်တိုလေးအတွင်းမှာပင် ချန်းရှီကွေ့က နဉ်ရှီကို လက်ထပ်ခွင့်တောင်းလိုက်သောသတင်းက သတင်းဝက်ဘ်ဆိုဒ်များအားလုံးတွင် ခေါင်းစီးနေရာယူလာတော့၏။ ဝက်ဘ်ဆိုဒ်တော်တော်များများက နဉ်ရှီအကြောင်း မကောင်းရေးထားသည့် ခေါင်းစီးများကို တိတ်တခိုးဖျက်လိုက်တာကို မျက်စိလျင်သောအင်တာနက်သုံးစွဲသူအချို့က သတိထားမိသွားသည်။ တချို့ဆိုလျှင် ခေါင်းစီးတွေကိုဖျက်ပစ်လိုက်ရုံသာမက အထဲရှိဆောင်းပါးများဟာလည်း ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားပြီး နဉ်ရှီအကြောင်း အပြုသ‌ဘောဆောင်ရေးထားသည့် ဆောင်းပါးများကို အစားထိုးလိုက်ကြ၏။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now