လိုင်းပေါ်ကကိစ္စကို မစ္စတာချန်း သိပြီးသားလား..? ဘာမှမသိဘဲ မနက်အစောကြီး ပန်းတွေပြင်ဆင်ခဲ့တာဆိုရင် သိသွားတဲ့အချိန် နေရခက်ကုန်တော့မှာပဲ..!

ဆက်ပြီးတွေးလေ သူထင်တာဖြစ်နိုင်လောက်သည်ဟူ၍ ခံစားလာရလေပင်။ သို့နှင့် သူ့စိတ်ထဲ ပူပန်လာရသည်။ ချန်းရှီကွေ့နေရာမှာ သူသာဆိုရင်.. ဟူ၍ တွေးလာမိတော့သည်။ တစ်မနက်လုံး လက်ထပ်ခွင့်တောင်းရန် ပန်းများစီစဉ်ခဲ့ပြီးကာမှ သူ့ကောင်မလေးက တခြားယောက်ျားတစ်ယောက်နှင့် ပရောပရည်လုပ်နေသလို ဓာတ်ပုံထွက်လာပြီး သူ နွားဖြစ်ပြီဟူ၍ အပြောခံရသည်ရှိသော်…

ထိုမြင်ကွင်းက တကယ့်ကို…

မီဒီယာများက နဉ်ရှီ၏ဂုဏ်သတင်း ညှိုးနွမ်းရအောင် မသမာသည့်နည်းလမ်းမျိုး အသုံးပြုခဲ့ပြီး ထိုသတင်းကြောင့် အများသူငါ အထင်လွဲနိုင်ရုံသာမက ချန်းရှီကွေ့လည်း နဉ်ရှီအပေါ် သံသယဝင်ကာ လမ်းခွဲပြတ်ဆဲသည်အထိ ဖြစ်နိုင်သည်။ ထိုအတွေးကြောင့် ကျန်းချင်းယွင်၏စိတ်ထဲတွင် ဤကိစ္စ၏နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသူက လူမဆန်လိုက်တာဟူ၍ တွေးလာမိသည်။

တကယ်တော့ ပန်းဆိုင်မှဝန်ထမ်းလည်း ပန်းလက်ခံသူက နဉ်ရှီဖြစ်ကြောင်း မြင်လိုက်ရချိန် အလွန်အံ့အားသင့်သွားရ၏။ ယခုအချိန်တွင် အတော်လေး အခြေအနေဆိုးရွားနေပြီး မီဒီယာများကလည်း မီးလောင်ရာလေပင့်သလို လုပ်နေကြသေးသည်။ လူအများအမြင်တွင် နဉ်ရှီက ဖောက်ပြားတတ်သည့် မိန်းမတစ်ယောက်ဖြစ်ပြီး ချန်းရှီကွေ့ကတော့ သနားစရာနွားတစ်ကောင် ဖြစ်နေချေပြီ။ လူပေါင်းများစွာ အထင်သေးရှုတ်ချနေသော အမျိုးသမီးလေးသည် ချန်းရှီကွေ့ထံမှ ဤမျှကြီးကျယ်ခမ်းနားစွာ အချစ်ခံနေရမည်ဟူ၍ မည်သူထင်ထားမည်နည်း။ သူတို့အားလုံး ကျိန်းသေပေါက် ရှော့ရသွားလိမ့်မည်။

ဤပန်းပွင့်များကို ညတွင်းချင်း ပေးပို့ခဲ့ရပြီး တစ်ပွင့်ချင်းစီက လတ်ဆတ်လှပကာ အလွန်ဈေးကြီးသည်။

ဗီလာ၏ ဂိတ်တံခါးဝ ပွင့်လာသည်။ ပန်းများဖြင့်ဖုံးလွှမ်းနေသည့် ဇိမ်ခံကားတစ်ခု ဖြည်းညင်းစွာ မောင်းဝင်လာပြီး ပန်းပင်လယ်ကြီးရှေ့တွင် ရပ်သွားသည်။ ထို့နောက် ချန်းရှီကွေ့ ဆင်းလာခဲ့လေသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now