ပြင်းထန်တဲ့အော်တစ်ဇင် (Autism) ရှိနေတဲ့ သူမရဲ့ကလေးက အခြားသူတွေနဲ့ အပြန်အလှန်ဆက်ဆံဖို့ ခက်ခဲပြီး IQ ဖွံ့ဖြိုးမှုက နှေးကွေးကာ အရွယ်ရောက်သွားတာတောင် ကလေးငယ်တစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးသာ ရှိခဲ့‌တယ်။

၀မ့်ရှားက နောက်ပိုင်းမှာလက်ထပ်ခဲ့ပြီး သားသမီးတွေမွေးဖွားကာ ပျော်ရွှင်နေခဲ့တယ်။ သူမက သူမရဲ့အသက်မွေးဝမ်းကြောင်းကို ကံကောင်းစေတဲ့ ပထမဆုံးကလေးကိုတော့ စွန့်လွှတ်ခဲ့ပါတယ်။ လက်မထပ်ခင် ၀မ့်ရှားမှာကလေးရှိခဲ့ဖူးကြောင်း ပြင်ပကမ္ဘာက ဘယ်တော့မှမသိခဲ့ကြပေ။

ကုမျန်က မြင့်မားတဲ့ ဇာတ်ကြောင်းအသွားအလာကြောင့် ရှော့ခ်ရသွားခဲ့ရတယ်။

အပြင်လူတွေရဲ့မျက်လုံးထဲမှာဆို ဘေးအိမ်ကညီမလေး ၊ ဖျော်ဖြေရေးနယ်ပယ်ထဲကို ၀င်လာတည်းက ကောလဟလတွေ ထွက်(ဖို့ခက်)ခဲတဲ့ ကျော်ကြားတဲ့ပန်းပွင့်ငယ်လေးက တကယ်တော့ ဟိုးအရင်တည်းက ကလေးတစ်ယောက်ရှိနေနှင့်ခဲ့ပြီ။

ဒါက အမှန်လား၊ ဒါမှမဟုတ် ကုမျန်က လူတွေရဲ့ အာရုံကို ဆွဲဆောင်ဖို့ ကြိုးစားနေရုံပဲလား။

နယ်ပယ်ထဲက ကုမျန်နဲ့ပိုရင်းနှီးတဲ့လူတွေက သူမကို သီးသန့်မက်ဆေ့ချ်တွေ၊ ရိုးရိုးမက်ဆေ့ခ်ျတွေနဲ့ WeChat ကနေ အမှန်လား၊ အမှားလားဆိုတာလာမေးကြပေမယ့် ကုမျန်ကတော့ လုံးဝ replyမပြန်ခဲ့ဘူး။

အခြားသူတွေ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ သူမ တကယ်ကိုဂရုမစိုက်ဘဲ သူမရဲ့လက်ထဲမှာ အားနည်းချက်ရှိကြောင်း ၀မ့်ရှားကိုသိ‌စေပြီး ထိတ်လန့်သွားစေချင်ရုံမျှသာ။ ၀မ့်ရှား သူမကို လှုံ့ဆော်နေတာတွေ ရပ်သွားပြီး အော်တစ်ဇင်ဖြစ်နေတဲ့ သူမရဲ့သားကိုဂရုစိုက်ရင် ပိုကောင်းလိမ့်မယ်။ဒါပေမယ့် ၀မ့်ရှားက ပြဿနာတွေကို မဆင်မခြင်လာပေးနေတုန်းပဲဆိုရင်တော့ သဘာဝအတိုင်း သူမက အဲ့ဒီပြသနာတွေကို ညင်ညင်သာသာလေး ဖြေရှင်းမှာမဟုတ်ပေ။

အဲ့ဒီကလေးအတွက်ကတော့ သူ့ရဲ့တည်ရှိမှုက လူတိုင်းရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ရင် အဲ့ဒါက သူ့အတွက် ကောင်းတဲ့အရာဖြစ်သွားနိုင်တယ်။ "I'm So Popular" စာအုပ်ရဲ့မူရင်းဇာတ်ကြောင်းအရဆို ကလေးရဲ့နောက်ဆုံးရလဒ်က မကောင်းခဲ့ဘူး။ အချိန်မီဆေးကုသမှုခံယူနိုင်ပြီး သူ့ကို နှိပ်စက်နေတဲ့နာနီကို ဖယ်ရှားနိုင်ခဲ့ရင် သူ့ဘဝက အကြီးအကျယ် ပြောင်းလဲသွားနိုင်လောက်တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now