၀မ့်ရှားက ကလေးကငယ်သေးပြီး သူနဲ့အတူမရှိပေးနိုင်တာကြောင့် ဒေါသထွက် နေတယ်လို့ တွေးခဲ့တယ်။သူကြီးပြင်းလာတဲ့အခါကျရင် ကလေးက စဉ်းစားပေးတတ်လာပြီး အခြေအနေက ပိုကောင်းလာမယ်။

သူမ မသိခဲ့တာက သူမရဲ့ကလေးဟာ တစ်နှစ်ပတ်လုံး နာနီဖြစ်သူရဲ့အနိုင်ကျင့်မှုအရိပ်အောက်မှာ ရှိနေတာကြောင့် အော်တစ်ဇင်အပျော့စား ဖြစ်နေခဲ့တာကိုပါပဲ။

အခြေအနေမတိုးတက်ခဲ့ရင် သူ့ရဲ့အော်တစ်ဇင်က ပိုပြင်းထန်လာလိမ့်မယ်။

ကုမျန်က အင်တာနက်သုံးစွဲသူတွေရှေ့မှာ ဒီကိစ္စကို မပြောချင်ခဲ့ဘူး။ မင်းသမီးတစ်ယောက်ဖြစ်လာတာနဲ့ အပျော်မယားဖြစ်စေ ဒါမှမဟုတ် ကလေးမွေးတာပဲဖြစ်‌စေ ဒါတွေက သူမရဲ့ အသက်မွေးဝမ်းကြောင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာမှာ သေချာတယ်။

မင်းသမီးတစ်ယောက် အကြီးအကျယ်ပျက်စီးသွားရင် ဘယ်တော့မှ ပြန်ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် ၀မ့်ရှားက ဒီကိစ္စကို နှစ်တွေကြာအောင် တင်းတင်းကြပ်ကြပ် ထိန်းသိမ်းထားခဲ့တာပဲ။ နယ်ပယ်ထဲက သူမရဲ့သူငယ်ချင်းတွေကတောင် မသိခဲ့ကြဘူး။

၀မ့်ရှားရဲ့ ထပ်ခါတလဲလဲ ရန်စမှုတွေကို ရင်ဆိုင်ရင်း၊ ကုမျန် သူမ ပြုသမျှနုမနေချင်တော့ဘူး။ ဒါ့အပြင် သူမရဲ့အမြင်မှာ ၀မ့်ရှားက အမှန်တကယ်ပင် ငွေအလုံအလောက်ရခဲ့ပြီးပြီဖြစ်တယ်။ အ
အနားယူလိုက်ရရင်တောင် သူမရဲ့ဘဝအတွက် ဘာမှစိုးရိမ်စရာမရှိဘူး။ သားဖြစ်သူရဲ့စိတ်အခြေအနေက အရမ်းအန္တရာယ်များနေပြီဖြစ်ပြီး ကောင်းမွန်တဲ့ကုသမှုကို ချက်ချင်းခံယူရမှာပင်။ မဟုတ်ရင် အခြေအနေပိုဆိုးသွားလိမ့်မယ်။

၀မ့်ရှားက ဖျော်ဖြေရေးနယ်ပယ်ရဲ့ လျို့ဝှက်ကြံစည်မှုတွေမှာ ဆက်နစ်မြုပ်နေပြီး သူမရဲ့ကလေးကိုပါ ဆက်ပြီးလျစ်လျူရှုထားခဲ့ရင်၊ သူမရဲ့ကလေးက အဆုံးသတ်သွားမှာပဲ။

"I'm So Popular" ထဲမှာ ၀မ့်ရှားက အမျိုးသမီးဇာတ်ဆောင်ရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်တယ်။အမျိုးသမီးဇာတ်ဆောင်နဲ့ ခင်မင်ရင်းနှီးတာကြောင့် သူမရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းက တိုးတက်ခဲ့တယ်။ သူမက အမျိုးသမီးဇာတ်ဆောင်ရဲ့အကူအညီနဲ့ ပြီးပြည့်စုံတဲ့အချစ်ကိုလည်း ရရှိခဲ့သေးတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Où les histoires vivent. Découvrez maintenant