Ch 41

34.3K 3.4K 296
                                    

Unicode

ရိုးမနှင့် မြောက်ကျွန်းဝင်ပေါက်ထိစပ်ရာနယ်မြေတစ်နေရာတွင်.......

မျက်စိတစ်ဆုံးကျယ်ဝန်းသည့် မြက်ခင်းစိမ်းကြီးတွင် အိပ်စက်အနားယူနေသည့် ကျားဖြူကြီးတစ်ကောင်ရှိပြီး ထိုကျားဖြူကြီးသည် မျက်လုံးများကို အေးချမ်းစွာမှေးစက်ထားသည်။ ထိုမှေးစက်ထားသည့် မျက်ဝန်းတို့ထဲမှ မျက်ရည်စတို့သည် ခပ်ဖြည်းဖြည်းစီးကျနေ၏ အေးချမ်းခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်းကို ပြိုင်တူခံစားနေရသော ထိုကျားဖြူကြီးသည် မည်သည့်အကြောင်းအရာကိုခံစားမိနေပါသနည်း။

ထိုကျားဖြူကြီးသည် ခဏအကြာ မျက်ဝန်းတို့ ပွင့်ဟလာ၏ တံလျှပ်တို့ရှပ်ဖြာပြေးနေပုံရသည့် ကျောက်ဝင်ပေါက်ကြီးမှ ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည့်အဖိုးအိုသည် တစ်လှမ်းချင်းထွက်လာပြီ ထိုကျားဖြူကြီးနားတွင်ခြေစုံရပ်တော့ ကျားဖြူကြီးက ခြေဖမိုးတို့ကို ဦးခေါင်းဖြင့် တိုးဝှေ့ပွတ်သပ်တော့သည်။

"ဝမ်းနည်းနေသလား သမီးတော်"

မည်သည့်စကားကိုမှ ပြန်မဖြေသည့် ကျားဖြူကြီးနား တင်ပလင်ခွေကာ ထိုင်ချတော့ ကျားဖြူကြီးက ဦးခေါင်းကို အဘိုးအိုခြေတစ်ဖက်ပေါ်မှေးစက်တင်ရင်း မီးခိုးရောင်မျက်ဝန်းတို့ဖြင့် လွမ်းလွမ်းဆွေးဆွေးကြည့်နေတော့သည်။

"တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒီလို ခွဲခွာရမယ်ဆိုတာသိပြီးသားပဲ မဟုတ်လားသမီးတော်။ သက်ရှိဟူသမျှဟာ ချစ်သည်ဖြစ်စေ မုန်းသည် ဖြစ်စေ ကြုံဆုံခြင်းနဲ့ခွဲခွာခြင်းကို ကြုံဆုံရမြဲပဲ မဟုတ်လားကွဲ့။ ကြုံတွေ့ရခြင်းကို နှစ်သက်ခဲ့ရတယ် ဆိုရင် ခွဲခွာရခြင်းကို လည်း ခံနိုင်ရည်ရှိရမယ် သုနန္ဒာ"

သာမန်ကျားတွေထက် ကြီးမားသည့် ထိုကျားဖြူကြီး၏ ဦးခေါင်းကို ခပ်ဖွဖွပွတ်သပ်ရင်း နှစ်သိမ့်နေသည့် အဘိုးအိုကား နန္ဒိယ ဟူသည့်အဘိုးအိုဖြစ်သည်။ မျက်နှာထက် တည်ကြည်ခြင်း၊ အေးချမ်းခြင်းကို အမြဲဆောင်ကျဥ်းနေသည့် ထိုအဘိုးအို၏ မျက်နှာထက် ဒီနေ့တော့ ဝမ်းနည်းရိပ်တို့ အနည်းငယ်ဖြတ်ပြေး၏

"နောင့်" ရိုးမ ရာဇာWhere stories live. Discover now