Ch 39

36.1K 3.3K 158
                                    

Unicode

မိုးသောက်ယံအချိန် ညောင်မှိုင်းသာယာရွာမှ လှည်းတစ်တန်၊ ကားတစ်တန်နှင့် ထွက်ခဲ့ကြပြီး နောင်တို့ ဒီမြို့လေးကို ရောက်ချိန်သည် ညနေပင်စောင်းနေပြီဖြစ်သည်။ ရွာမှ စထွက်လာတည်းက စက္ကနှင့် ဂျော်နီကြောင့် နောင်တို့ကလူအာရုံစိုက်သိပ်ခံရသည်။

သက္ကလပ်ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းကာ ဆေးလိပ်ကို နှုတ်ခမ်းထက်တေ့ထားတတ်သည့် ဂျော်နီက ဘယ်သူ့ကို မှထီမထင်မျက်နှာပေးနှင့်။ ပခုံးထိဝဲကျသည့်ဆံပင်တို့ကို နှစ်ခေါက်ခေါက်စည်းနှောင်ကာ ရိတ်သင်ပြီးကာစ ပါးသိုင်းမွှေးခပ်စိမ်းစိမ်းတို့နှင့် စက္ကက မရယ်မပြုံးမျက်နှာနှင့်။ တစ်ယောက်နှင့် တစ်ယောက် စကားတစ်ခွန်းမှပင် မဟကြသည့် ဒီနှစ်ယောက်ကြောင့် နောင့်မှာ လမ်းတစ်လျှောက် ဟိုကြည့်လိုက်ဒီကြည့်လိုက်နှင့်။

ဂျော်နီတို့ ဘိုးဘွားပိုင်အိမ်ကြီးရှိရာနယ်မြို့လေးကို ရောက်တော့လည်း မရောက်တာကြာပြီဖြစ်သည့်ဂျော်နီက အိမ်ခြေတွေတိုးပွားလာသည့် ဒီနေရာကို သိပ်မှတ်မိပုံမရ။ လမ်းမှားမည်ဆိုး၍ ဟိုဟိုဒီဒီ နှင့် အိမ်ကြီးဆီသွားမည့်လမ်းကို  မေးမြန်းတော့ နောင်တို့ကို လူထူးလူဆန်းတွေကို အကြည့်ခံလိုက်ရသည်။

မထင်မရှားနယ်မြို့လေးတစ်မြို့ဖြစ်ပြီး အေးအေးချမ်းချမ်းနေထိုင်ကြသည့် ဒီမြို့လေးသည် တည်းခိုခန်းဟူ၍သီးသန့်မရှိ။ ထိုနယ်မြို့လေး၏ အစွန်းတွင်တော့ ကြီးမားသည့် ခြံဝန်းကြီးနှင့် နှစ်ဆောင်ပြိုင်အနက်ရောင်အိမ်ကြီးသည် ပတ်ဝန်းကျင်နယ် မြို့တွေထိပါဒဏ္ဍာရီမျိုးစုံနှင့် နာမည်ကြီး၏ ထိုနှစ်ဆောင်ပြိုင်အိမ်ကြီးက ဂျော်နီတို့ဘိုးဘွားပိုင်အိမ်ကြီးဖြစ်သည်။

ဆိုင်တစ်ဆိုင်ထိုင်ကာ ည စာစားသောက်ရင်းမေးမြန်းကြည့်ရသလောက် ထိုအိမ်ကြီးနား ညနေစောင်းချိန်ဆို မည်သူမျှမဖြတ်ရဲတော့တဲ့။ တစ်ခါတစ်ရံ နွားရိုင်းသွင်းချိန်တွေဆို အဖြူရောင်နှင့် ရွှေအိုရောင်ကိုစပ်ယှက်ဝတ်ဆင်ထားသည့် အရပ်မြင့်မားသည့် အမျိုးသမီးတစ်ဦးကို တွေ့ကြရသည်ဆို၏ တချို့လပြည့်ညတွေဆိုလျှင်လည်း အိမ်ကြီး၏ အပေါ်ထပ် ပြတင်းပေါက်သည် ပွင့်နေတတ်ပြီး မနက်မိုးလင်းလျှင် ပြန်ပိတ်နေတတ်သည်ဟုလည်းပြောကြ၏ ထိုစကားတို့ကို ကြားတော့ စက္ကက ကိုင်ထားသည့်အကြမ်းရည်ခွက်ကို ခပ်ဖွဖွဖိပွတ်၏

"နောင့်" ရိုးမ ရာဇာWhere stories live. Discover now