Ch 31

37.1K 3.3K 349
                                    

Unicode

🔞🔞🔞

Warning ❗️❗️❗️

(  18 နှစ်မပြည့်သေးရင် ကျော်ပါ ခွပါ ကလေးတွေ)

သစ်အိမ်လေးထဲ မီးလင်းဖိုမှ မီးရောင်သည် သစ်အိမ်တစ်၀န်းလုံးကိုအလင်းရောင်အပြည့်အ၀မပေးနိုင်။ မျက်လုံးတို့ကိုကျင့်သားရအောင် ခဏမျှ အလုပ်ပေးတော့ မှောင်ရိပ်အနည်းငယ်ကျသည့် ထောင့်တစ်နေရာ အညိုရောင်သားမွှေးစောင်ကိုခေါင်းထိဆွဲခြုံကာငြိမ်သက်နေသည့်သူက တုပ်တုပ်မျှမလှုပ်။

အနားသို့တစ်လှမ်းချင်းသွားတော့ မိုးသက်နောင်၏ ခပ်ရှည်ရှည်အရိပ်သည် ထိုသူ့ကိုယ်ပေါ်အုပ်မိုးကျသည်။ အသက်ကို အောင့်ကာ ခန္ဓာကိုယ်၏ အင်အား အလုံးစုံတို့ကို လက်ဖျားထိပ်တွင်ထည့်လိုက်သည်။ ထို့နောက် ခပ်ဖြည်းဖြည်းတို့ထိမိတော့ ဆတ်ခနဲ တုန်သွားသည်ကြောင့် မိုးသက်နောင် လန့်ဖြန့်ကာလက်ကိုချက်ချင်းပြန်ရုတ်လိုက်၏

ဘုရားရေ.....မိုးသက်နောင်ဘာတွေလုပ်ဖို့စဥ်းစားမိနေတာလဲ။

ခြေလှမ်းတို့နောက်ပြန်လှည့်ပြေးဖို့အလုပ် ဆတ်ခနဲဖမ်းဆုပ်ခံလိုက်ရသည့် လက်ကောက်၀တ်ကတင်းတင်းကျပ်ကျပ်။

"အိပ်....အိပ်နေပြီလား။ ကျွန်တော်နှောင့်ယှက်သလိုဖြစ်သွား.......အင့်"

ဆတ်ခနဲထလာကာ စောင့်ဆွဲချခံလိုက်ရသည့် မိုးသက်နောင်က ကိုယ်ဟန်ထိန်းချိန်မရလိုက်။ ပစ်စလက်ခတ်ပြုတ်ကျသွားသည်က စက္ကရင်ခွက်ထဲပစ်၀င်လုနီးနီးပင်။အလန့်တကြား ရုန်းထွက်ဖို့လုပ်လိုက်ပေမယ့် လက်ကောက်၀တ်ကိုဆုပ်ကိုင်ထားသည့် ပူကျစ်နေသည့် လက်တစ်ဖက်ကိုသတိထားမိချိန် မိုးသက်နောင် ခေါင်းထဲ ဗလာကျင်းသွား၏ ဒီလူက တကယ်ပဲမိုးသက်နောင်ကိုလိုအပ်နေခဲ့တာလား။

မရုန်းတော့ဘဲငြိမ်ကျသွားသည့် မိုးသက်နောင်ကြောင့် စက္ကက အနောက်မှ သိုင်းဖက်ကာ ပခုံးတစ်ဖက်ပေါ်မေးတင်လာ၏ ခါးကိုကျစ်နေအောင်ဆွဲဖက်ထားသည့်လက်နှစ်ဖက်ကို အုပ်ကိုင်လိုက်မိသည်။

"ခဏလေးပဲ.....ဒီလိုခဏလေးပဲနေပေးပါ နောင်"

ခပ်တိုးတိုးထွက်လာသည့်စကားတစ်ခွန်းက မိုးသက်နောင်ကို နာကျင်စေသည်။ ဒီလူက သူ့အလိုရမ္မက်တွေထကြွနေသည့်အချိန်မှာတောင် ဒီတိုင်းဖက်ထားရုံလေးနဲ့တင်းတိမ်ဖို့ကြိုးစားနေသည်လား။

"နောင့်" ရိုးမ ရာဇာWhere stories live. Discover now