Ch 29

37.7K 3.3K 629
                                    

Unicode

ည မှောင်ရီပျိုးစအချိန်တွင် မိုးသက်နောင်တစ်ယောက် စက္ကဆိုတဲ့သူနေတဲ့ အိမ်ကိုရောက်သည်။ နေဝင်သွားပြီဖြစ်၍ ပတ်ဝန်းကျင်ကို သိပ်သတိမထားမိခဲ့။ အနောက်မှ ခပ်ဖြည်းဖြည်းလိုက်လာသည့် ခြင်္သေ့ကြီးကြောင့် မိုးသက်နောင်ကတော့သိပ်ပြီးကျောမလုံ။

"သင်္ခလို့ခေါ်တယ်။ မင်းပြောတဲ့စကားကို ကောင်းကောင်းနားလည်ပြီး သာမာန်ခြင်္သေ့တွေရဲ့ ခွန်အားထက် သုံးဆကြီးမားတဲ့ အားကို ပိုင်ဆိုင်ထားတယ်"

စက္က ပြောပြသည့် စကားကို မိုးသက်နောင် ခေါင်းသာတစ်ချက်ညိတ်ပြလိုက်သည်။ ဒီလို သားစားသတ္တဝါတစ်ကောင်က ဘယ်လောက်ပဲ လူယဥ်တယ်ပြောပြော ဘယ်လို စိတ်ချလက်ချနေနိုင်မှာတဲ့လဲ။

စက္က၏ မကျဥ်းမကျယ် သစ်အိမ်လေးက သပ်သပ်ရပ်ရပ်။ တကျစ်ကျစ်တောက်လောင်နေသည့် မီးက မီးလင်းဖိုလေးထဲ တငွေ့ငွေ့။ လူတစ်ယောက်အိပ်စာ သစ်သားကုတင်လေးတွင် မိုးသက်နောင်ကို အိပ်စေပြီး စက္ကဆိုသူက အပြင်ပြန်ထွက်သွား၏ မအိပ်ခင် ပြတင်းမှ ကြည့်မိတော့ မြက်ခင်းပြင်ပေါ်ခြင်္သေ့ကြီးနှင့် ဘေးချင်းကပ်ထိုင်ရင်း နက်ပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်နေသူက အပူအပင်တို့ ကင်းလွန်းနေသလို။

နောက်ကြောင်းရာဇဝင်က ဘာရယ်လို့မသိပါသော တောနက်ထဲတွေ့ဆုံခဲ့သည့် လူတစ်ယောက်နှင့်လိုက်ခဲ့သည်က မိုးသက်နောင် မြေပုံထဲ လမ်းကြောင်းမပါသည့် နေရာတစ်ခုသို့ရောက်လာခဲ့ပြီဖြစ်သည်။ သို့သော် ခံစားချက်က လုံခြုံနွေးထွေးနေသလိုပင်။

မြင်နေရသည့် ကျောပြင်ကျယ်ကို တစ်ချက်ကြည့်၍ ခေါင်းအုံးအထက် တင်ထားသည့်သိုးမွှေးစောင်အပါးကို လွှမ်းကာမျက်လုံးများမှိတ်ချမိသည်က တစ်ရေးမှပင်မနိုးခဲ့။ မိုးသက်နောင် မျက်လုံးတို့ပြန်ပွင့်ချိန်သည် ခန္ဓာကိုယ်ပေါ် နေရောင်တို့ ဖြာကျချိန်ဖြစ်၏

နေခြည်ဖျဖျတို့ တိုး၀င်သည့် ပြတင်းမှတစ်ဆင့်လှမ်းကြည့်မိတော့ စိမ်းစိုနေသည့် မြက်ခင်းကျယ်သည် မျက်စိတဆုံးပင်။ အဝေးမှ တရွေ့ရွေ့လာနေသည့် စက္ကဆိုသူက ပုဆိုးစနှင့် ထုပ်ပိုးလာသည့် အထုပ်တစ်ထုပ်ကို စလွယ်သိုင်းလာ၏ အိပ်ယာကို သပ်သပ်ရပ်ရပ် ခေါက်သိမ်းကာခပ် မြန်မြန်အပြင်ထွက်လိုက်သည်။ စိတ်ချလက်ချနှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမိတာပဲ။

"နောင့်" ရိုးမ ရာဇာWhere stories live. Discover now