Ch 35

36.7K 3.4K 228
                                    

Unicode

အတိတ်ကို တစ်ခေါက်ရောက်ရှိနိုင်စေဖို့ နောင်တို့ကို ကူညီပေးခဲ့သည့် တိဗက်ဘုရားကျောင်းဆောင်မှ အပြန် တောင်တန်းတို့ကို ဖြတ်သန်းလာခဲ့သည့် လမ်းတစ်လျှောက် မိုးသက်နောင်ဆိုသည့် ဘဝတွင် စက္ကနှင့် ဝေးကွာခဲ့ပြီးနောက်ပိုင်း ဆက်လက်ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်တို့ကို နောင်က ပြောပြလာခဲ့သည်။ မည်သည့် အရာက စက္က အမေအတွက် အထောက်အကူဖြစ်စေမည် မသိပေမယ့် နှစ်ရာနဲ့ချီ ကျိန်စာမိနေသည့် အမေဖြစ်သူအတွက် သားတစ်ယောက်၏ ရင်မှ အပူမီးကို နောင်ကိုယ်ချင်းစာနိုင်ပါသည်။

စက္ကဆီမှ ထွက်ခွာခဲ့သည်ကြောင့် မိုးသက်နောင်ဆိုသည့် သူက တိဗက်တောင်တန်းတို့မှသည် နေရပ်ဆီသို့ လနှင့်ချီခရီးဆက်ခဲ့ရပြီး ဦးဓနရှင်ဆီသို့ရောက်အောင်သွားကာ စက္က ယူဆောင်လာပေးသည့် ပန်းကို ပေးအပ်ခဲ့သည်။ သို့သော် သူပြန်ရောက်သည့်အချိန်  ဦးဓနရှင်သည် စတွေ့စဥ်တုန်းကလို အလွန်ကျန်းမာဖြတ်လတ်နေပုံတော့သိပ်မရတော့။

ဦးဓနရှင်တို့ အိမ်ကြီးတွင် မြေအောက်ထပ်တစ်ထပ်ရှိပြီး ထိုမြေအောက်ထပ်ကြီးထဲတွင်ပင် အပါးစေဖြစ်သူ မောင်မြင့်ဆိုသူက ပန်း၏ အာနိသင်ကို ထုတ်ယူ၍ စက္ကလည်ပင်းတွင်ဆွဲထားသည့် ဆွဲပြားကဲ့သို့ဆင်တူနောက်ထပ်တစ်ခုထဲသို့ ထည့်သွင်းခဲ့သည်။ ထိုစဥ်က ဦးဓနရှင် ‌ပြောကြားခဲ့သည့် အမြုတေ၏ အစွမ်းသတ္တိပြတ်တောက်သွားခဲ့ပြီဆိုသည်ကို သူနားမလည်ခဲ့။ အပြစ်ရှိသူတစ်ယောက်လို ခံစားခဲ့ရသည့် မိုးသက်နောင် တစ်ဖြစ်လဲ နှောင်းမိုးရိပ်နောင်ကိုယ်တိုင်ကလည်း အမြုတေဆိုသည်ကို တစ်ခါမှ မမြင်ဖူးသလို၊ မသိနားမလည်သလိုသာ နေခဲ့ခြင်းဖြစ်သည်။ ယခု ဆက်စပ်တွေးမိတော့ ထိုအမြုတေကို အသုံးပြုကာ သင်္ခကို ကယ်တင်ခဲ့သည်ကြောင့် ဦးဓနရှင်၏ လည်ဆွဲနှင့် အမြုတေအစွမ်းက ပြတ်တောက်သွားခဲ့ပုံပင်။

ထို့နောက် သူက ဦးဓနရှင်ဆီမှ နေရပ်သို့ပြန်လာခဲ့ပြီး ထပ်မံရရှိလာခဲ့သည့်‌ ငွေကြေးတစ်ဝက်ကို မိခင်ဖြစ်သူနှင့် တိုင်ပင်ကာ လိုအပ်သည့် နေရာတို့ဆီအလှူအတန်းပြုခဲ့သည်။ ကြွားဝါဖို့သက်သက် စုဆောင်ထားသည့် ပစ္စည်းဥစ္စာတို့နှင့် ငွေကြေးတချို့ကို  မိခင်ဖြစ်သူနာမည်နှင့် နေရပ်မှ ဘုန်းကြီးကျောင်းဆောင်ကို ပြုပြင်မွမ်းမံပေးခဲ့သည်။ အနီးအနားဝန်းကျင်မှ ကလေးသူငယ်များပညာတတ်မြောက်ရေးအတွက် ကျောင်းဆောက်လုပ်ခြင်းကို မ တည်ပေးခဲ့သည်။ ကျန်ရှိသည့် ငွေစတချို့ကိုလယ်ယာမြေအနည်းငယ် ဝယ်ကာ ကောင်းရောင်းကောင်းဝယ်လုပ်စားရင် ဘဝခရီးကို ဖြတ်သန်းခဲ့၏ မိုးသက်နောင် ၏ ပြောင်းလဲခြင်းကို မိခင်ကြီးက အလွန်ဝမ်းမြောက်ဝမ်းသာရှိခဲ့၏

"နောင့်" ရိုးမ ရာဇာWhere stories live. Discover now