"Hey guys"
"ဟ Phuwinရောက်လာပြီလား"
"အေးပေါ့ ဘာလဲ မမြင်ဘူးလား"
"အရိုင်းစိုင်းကောင်"
Pondက Phuwi ကို ခပ်ဖျော့ဖျော့ လှမ်းထိုးလိုက်သည်။ Phuwin ကပြန်ထိုးဖို့လှမ်းနေသည်။ မနက်စောစော စိတ်ညစ်ရသည်။
"သတ်မနေကြနဲ့ PondPhuwinဆိုပြီး နာမည်ကြီးတာကို မပြောနဲ့ သတ်နေတာ လင်မယားတွေကျနေတာပဲ"
ထိုသို့ပေးစားလျှင် သတ်တာရပ်သွားမည်ဟု ထင်သော်လဲ မဟုတ်ခဲ့၊ ညားများနေကြတာလား
"ငါကကောင်းကောင်းပြောတာလေ သူကရိုင်းစိုင်းနေတာ"
"ဟ မင်းက သောက်ပိုတွေလာမေးနေတာကို"
"အဲ့တာ နှုတ်ဆက်တာလေ လူလိုနားမလည်ဘူးလား မင်းကနွားလား၊ ခွေးလား"
"မင်းက မြင်နေရတာကို လာမေးနေတာလေ၊ သူများဖြေချင်လားမသိဘူး မဖြေချင်လားမသိနဲ့"
"မင်းက..."
"တော်တော့လို့ ပြောနေတယ်!!!!"
ထိုအခါ ကျတော့် နာရီလေးက အချက်မြည်လာသည် တစ်နည်းအားဖြင့် Phuwinပေးထားတဲ့ နာရီ...
" Alarm မြည်တာလား"
Pondကမေးသည်။ ဒါက နာရီ Alarm မြည်သံမှမဟုတ်တာ၊ ဘယ်နာရီက သရဲလိုလို ဘာလိုလို အသံထွက်လို့လဲ။ ကျတော်ပြောချင်တာက ဘယ်သူကအဲ့လို မိုက်ရူးရဲဆန်တာကို ထုတ်မှာတဲ့လဲ။ Alarm မြည်မှာကိုကြောက်နေအောင်လား...
"မင်း နာရီကမိုက်လှချီလားဟ ဘယ်လိုလုပ်ထားတာလဲ"
အယ် သူက၀ယ်ပေးပြီး သူကလာမေးနေသည်။ ကျတော်က သူ့ကိုမေးဖို့ပြင်တုန်းရှိသေး။
"မင်း၀ယ်ပေးထားတာလေ၊ ငါကဘယ်လိုသိမှာတုန်း"
"အယ် ငဖုက ဘယ်တုန်းက၀ယ်ပေးထားတာလဲ"
"မနေ့က..."
"ငါ့ကျ မပေးဘူး"
"ပေးစရာလား ဘာကျေးဇူးရှိလို့လဲ"
"အယ် အရိုင်းအစိုင်း..."
ထိုရန်ပွဲကြောင့် စကားလမ်းကြောင်းလွဲကာ ထိုနာရီအကြောင်းဆက်မပြောခဲ့ကြပါ။
KAMU SEDANG MEMBACA
Married To The Death Man
Fiksi Penggemarမင်းမပြေးပါနဲ့ ငါကမင်းကို အစွန်းစုံထိဆွဲထားမှာ၊ ဒီဘ၀မပေါင်းရလဲ ဘာအကြောင်းလဲ။ နောက်ဘ၀ပေါ့..... #Gemini မင်းကိုလက်မခံနိုင်ဘူး.....မင်းဖြစ်နေလို့ကို လက်မခံတာ၊ ဒီဘ၀လဲမရဘူး။နောက်ဘ၀ဆိုတာမျိုးကဝေးသေး.. #Fourth တစ်ယောက်ကပြေး....တစ်ယောက်ကလိုက်။ ဘယ်သူကပို...