ဒိုင်ယာရီ 📖 ²⁰

222 25 4
                                    

Geminiညက ပြန်မလာဘူး။ ကျတော့်ကိုထိခိုက်မှာစိုး၍ထင်သည်။ သူပြန်မလာတော့ ကျတော့်အခန်းဟာခြောက်ကပ်ကပ်ရယ်ပါ၊ ညက ကျီးကန်ရောက်လာသည်။

"အသင်"

"ဟင်..."

"သင်အမှန်တရားကို ရှာတွေ့ပြီလား"

"ဟင့်အင်း၊ မင်းရှာခိုင်းတဲ့အမှန်တရားဆိုတာ ဘာမှန်းမှငါမသိတာ"

"တုံးအ လွန်းမနေပါနဲ့ အသင်၊ အသင်က အခု အသင့်အချစ်နဲ့ပြန်တွေ့နေတာလေ ပြန်မှတ်မိသင့်ပါပြီ"

"ဘယ်သူလဲ ငါ့အချစ်က၊ သူ့ကိုငါမချစ်ပါဘူး"

"အသင် ကိုယ့်ကိုကို လိမ်နေတာရပ်သင့်ပြီ၊ အသင်ဘာလို့ ဆန်နဝီကိုပြန်ပြီး သဲလွန်စတွေကိုမစုရတာလဲ"

"ဆန်နဝီဆိုတာ...?"

"အသင့်ရဲ့တိုင်းပြည်လေ"

"အော်...ငါဘယ်လိုသွားရမလဲမသိဘူး အမှန်အတိုင်းပြောရရင် ဒီစံအိမ်ရဲ့ ထွက်ပေါက်ကိုတောင် ငါမတွေ့မိဘူး"

"အသင် ဒီလိုလုပ်နေရင် အချိန်မလောက်ပဲနေမှာမို့ အသင့်ရဲ့ ဒိုင်ယာရီစာအုပ်ကိုတော့ ပေးမယ်၊ နောက်တော့ ကိုယ့်ဘာသာ ဆက်ကြိုးစားပေါ့ သခင်လေး NORAWITနဲ့ဆက်လက်ပေါင်းစပ်ဖို့"

"...."

ထို့နောက်ကျီးကန်းက ပျောက်ကွယ်သွားတယ်၊ သူပြောတဲ့စာအုပ်လည်းမပေးခဲ့ပါပဲ‌နဲ့ ဘယ်မလဲ အဲ့စာအုပ်။

ဘေးဝေ့ဝဲရှာတော့ လက်ထဲရောက်နေတဲ့စာအုပ်

‌"ဘယ်လိုရောက်လာတာလဲ"

စာအုပ်အဖုံးက အညိုရောင်လေး၊ အဖုံးပေါ်တွင် He Is Gemini ဆိုသည့် ခေါင်းစဉ်လို စာတန်းလေး...

စာအုပ်က ခပ်နွမ်းနွမ်းရယ်ပါ အထပ်ထပ်အခါခါ ထုတ်ရေးထားတယ်ထင်တယ်။ အရမ်းထူလွန်းပြီး စာရွက်အသားကအကောင်းကြီး ဟုတ်မနေဘူး၊

ဖုန်အနံ့အနည်းငယ်ရသည်။ အဆွေးဆွေးအငွေ့အသက်အချို့ကိုလည်း ခံစားမိသည်။

ဒါကကျတော်ကြိုက်တဲ့ ခံစားမှုပဲ ၊ ဆွေးနေရမယ် နွေးနေရမယ်။ သူ့ကြောင့်ဆွေးနေရသလို သူ့ကြောင့်လည်းနွေးနေရမယ်။

Married To The Death ManTempat cerita menjadi hidup. Temukan sekarang