၀ရုံးသုန်းကားပြေးလာမိပြန်သည်။ ကျတော် ဒီတစ်ညလုံးပြေးနေရသလိုပဲ။
လက်ထဲကအထုပ်ကိုဆွဲကာ အိမ်ထဲသို့၀င်လာခဲ့သည်။ကျတော့်အခန်းထဲ၀င်လိုက်တော့ စာပွဲပေါ်မှာရှိနေတဲ့ ကျတော့် ပိုက်ဆံအိတ်၊ အေးရော ပိုက်ဆံအိတ်မပါပဲသွား၀ယ်တာ။
ဟိုလူကြီးသာမကယ်ရင် ကျတော် ဘာဖြစ်နေမလဲမသိပါဘူး၊ အဲ့လူကြီးကို ဘာလို့ရင်းနှီးနေသည်လဲ ၊ တနေရာရာမှာမြင်ဖူးသလိုနှင့် သူ့လက်တစ်စုံက နွေးထွေးမှုကိုပေးနေသည်။
"ဟူးး မောလိုက်တာ၊ ဗိုက်ဆာတာတောင်မစားနိုင်တော့ဘူး"
သို့သော် စားရန် ပြင်ဆင်နေပြီဖြစ်သည်။ ခေါက်ဆွဲပြုတ်ရန် ပြင်ဆင်နေသည်၊ အိုးရှာမတွေ့ဘူး လိုက်ရှာရပြန်သည်။ တွေ့ပြီ တွေ့ပြီ
အဖွားဆုံးပြီးတည်းက ဟင်းချက်မစားဖြစ်တာကြာပေါ့။ ချက်ဆိုရင်လဲ ကြက်ဥကြော် ကြက်ဥပြုတ် ကြက်ဥပြုတ်သုတ် စသည့်ကြက်ဥထဲကမထွက်နိုင်။
အဖွားရှိခဲ့စဉ်က အမြဲအမယ်ဆုံတဲ့ ဟင်းတွေချက်ကျွေးနေကျ၊ အဖွားကလေ ဟင်းချက်သိပ်ကောင်းတာ အဖွားက ကျနော့်ကိုဂရုအစိုက်ဆုံးပဲ။
တခါလေးဖျားရင် အပြုစုမဆုံးတော့ဘူး၊ အဖွားက လက္ခဏာတွေ ဘာတွေလဲကြည့်တတ်တယ်။
ထိုအခါမှ သတိရသွားသည့် အဖွားပေးထားတဲ့ အဆောင်လေး ကျတော် ဘယ်နားထားမိမှနိးမသိတော့ သွားရှာရဦးမယ်။
ခေါက်ဆွဲနူးသည်ထင်ရသည်နှင့် အိုးကို ပိတ်ကာ ကျတော့်အခန်းမှ ဘူးအကုန်လုံးလှန်လော ရှာကြည့်သည်၊ မတွေ့။
ကျတော် နောက်ဆုံး အဖွား ဈာန်ပနမှာ၀တ်မှာတာ ပြန်လာတော့ကျတော် ချွတ်ထားမိတယ်၊ ဘယ်နားမှာချွတ်ထားမိတာလဲမှတ်မိပြီ
"ဒီမှာပဲ မေ့နေခဲ့တာ၊ ကျတော် တောင်းပန်ပါတယ်နော် အဖွား"
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
![](https://img.wattpad.com/cover/355453669-288-k109842.jpg)
YOU ARE READING
Married To The Death Man
Fanfictionမင်းမပြေးပါနဲ့ ငါကမင်းကို အစွန်းစုံထိဆွဲထားမှာ၊ ဒီဘ၀မပေါင်းရလဲ ဘာအကြောင်းလဲ။ နောက်ဘ၀ပေါ့..... #Gemini မင်းကိုလက်မခံနိုင်ဘူး.....မင်းဖြစ်နေလို့ကို လက်မခံတာ၊ ဒီဘ၀လဲမရဘူး။နောက်ဘ၀ဆိုတာမျိုးကဝေးသေး.. #Fourth တစ်ယောက်ကပြေး....တစ်ယောက်ကလိုက်။ ဘယ်သူကပို...